Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Thursday, December 1, 2011

ဘုရင့်နောင် တံတားဘေးတွင် တံတား တစ်စင်း ထပ်မံ တည်ဆောက်သွားမည်











ရန်ကုန်မြို့ရှိ ဘုရင့်နောင် တံတား ဘေးမှာ တံတားသစ် တစ်စင်း ထပ်တိုး တည်ဆောက် သွားမယ် လို့ နေပြည်တော်မှာ ကျင်းပ ပြုလုပ်တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ အမှတ် ၁ နှင့် အမှတ် ၂  စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ရဲ့ ပြောကြားချက် အရ သိရပါတယ်။

အခုလို ဘုရင့်နောင် တံတားဘေးမှာ တံတားတစ်စင်း ထပ်မံ ဆောက်လုပ်ဖို့
အတွက် စီစဉ် ရတာဟာ လက်ရှိ တံတားမှာ ယာဉ်သွား ၊ ယာဉ်လာ များပြားပြီး ယာဉ် တစ်စီးချင်းစီ သွားနေ ရတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ပေါ်ပေါက်နေတဲ့ အတွက် ဖြစ်ပါ တယ်။ အဲ့ဒီအတွက် နောက်ထပ် တံတားတစ်စင်း ဆောက်လုပ် ပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေကို ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘုရင့်နောင် တံတားရဲ့ ယာဉ်ကြော ပိတ်ဆို့ မှုကို ဖြေရှင်းနိုင်ဖို့ အတွက် ၄ လ အတွင်း ၊ တံတား တစ်ခုကို အပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။ တံတား တစ်စင်းကို ထပ်မံ ဆောက်လုပ် ဖို့လည်း အမြန်ဆုံး ဆောင်ရွက်မှာ ဖြစ်ပေ မယ့် ပြီးစီးဖို့ အတွက် အချိန် တစ်နှစ်နီးပါး ကြာမြင့် နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ ဘုရင့်နောင် တံတားဘေးမှာ တံတားတစ်စင်း ထပ်မံ တည်ဆောက်မှု အပြင် ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပွားနေတဲ့ ကမာရွတ် လှည်းတန်းလမ်းဆုံ ၊ ရွှေဂုံ တိုင် လမ်းဆုံ ၊ တာမွေ ၅ လမ်းခွ ဆုံနဲ့ ဘုရင့်နောင် လမ်းဆုံတို့မှာလည်း ခုံးကျော်တံတား ၄ ခုကိုလည်း ဆောက်လုပ် သွားဖို့လည်း ရှိတယ်လို့ အမှတ် ၁ နှင့် အမှတ် ၂ စက်မှု ၀န်ကြီးရဲ့ ပြောကြားမှု အရ သိရပါတယ်။

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်