Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Tuesday, November 15, 2011

ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိရုပ်ရှင် The Lady နှင့် မင်းသမီး မီရှဲလ်ယိုး

ဒီရက်ပိုင်းအတွင်း Facebook မှာ The Lady ရုပ်ရှင်ဇာတ်ကား နမူနာအပိုင်းကို ဝင်ရောက် ကြည့်ရှုကြသူပေါင်း များစွာရှိကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသူ  ဒါရိုက်တာ လက်ဘင်ဆင်က သတင်း မီဒီယာများကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင် ဇာတ်ကားမှာ မလေးရှား မင်းသမီး မီရှဲလ်ယိုးက ဒေါ်အောင်ဆန်းစုကြည် နေရာက ပါဝင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကား နမူနာအပိုင်းကို ကြည့်ခဲ့ကြသူများကတော့ "ဒီဇာတ်ကားရဲ့ ဆက်တင်ပြုပြင်မှုတွေက အားရစရာ ကောင်းပါတယ်။ တချို့ စကားပြောသံတွေကတော့ ကျွန်တော်တို့ မြန်မာနားနဲ့က အစပ်အဟပ် မတည့်လှပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားကို ရုပ်ရှင်လိုပဲ သဘောထားပြီး ကြည့်မယ် ဆိုရင်တော့ မဆိုးလှပါဘူး" ဟု အသက် ၆၀ အရွယ်ရှိသော ဦးသောမတ်က Facebook ထဲတွင် ကွန်မန့် ရေးသားထားသည်။

"ကျွန်တော်တို့ကတော့ အခု အစိုးရသစ်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေပေါ်မှာ ဒီရုပ်ရှင်တွေကိုလည်း  နိုင်ငံတကာမှာ ပြခွင့်ရတာတွေနဲ့ အတူတူ ကြည့်ခွင့်ပေးရင် ပိုကောင်းပါတယ်။ အခု ပရိသတ်က ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်တတ်ကြပြီး ကိုယ်ပိုင်ဆုံးဖြတ် နှိုင်းယှဉ်တတ်နေကြပြီလေ" ဟု အသက် ၂၇ အရွယ် ကိုတင့်ဆန်းက Facebook ထဲတွင် ပြန်လည် ရေးထားသည်။ ဟောင်ကောင်တွင် အခြေစိုက်နေထိုင်သော မလေးရှားရုပ်ရှင် မင်းသမီး မီရှဲလ်ယိုးသည် ၁၉၉၀ နှစ်က စတင်ပြီး ရုပ်ရှင်လောကတွင် နာမည်ကြီးလာသော မင်းသမီးတစ်လက် ဖြစ်သည်။ မီရှဲလ်ယိုးဟာ The Lady ဇာတ်ကားကို ရိုက်ကူးဖို့ ၂၀၁၀ ကတည်းက စတင် အကြောင်းဖန်လာတာဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးမည့် The Lady ဇာတ်ကားအတွက် ဒေါ်စုနေရာမှာ ပီပြင်နိုင်ဖို့ ဝတ်လျှော့ခဲ့ပြီး သူမအတွက် ပြင်ဆင်မှုတွေလည်း အများကြီး လုပ်ခဲ့ရကြောင့် နယူးဝိစ်မဂ္ဂဇင်း၏ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ The Lady ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ လက်ဘင်ဆင် (LucBesson) က ရီဘက်ကာဖရင်း၏ ဇာတ်လမ်းဇာတ်ညွှန်းကို ရိုက်ကူးပေးထားခြင်း ဖြစ်သည်။ ၎င်းဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် မီရှဲလ်ယိုး၊ မိုက်ကယ်အဲရစ်ဆင်အဖြစ် ဒေးဗစ်သယူးလစ်၊ ကင်မ်အဲရစ် အဖြစ် ဂျိုနသန်ရတ်ဂတ်၊ အလက်ဇန္ဒားအဲရစ်အဖြစ် ဂျိုနသန်ဝုဒ်ဟောစ်တို့က ပါဝင်သရုပ်ဆောင်ထားကြခြင်း ဖြစ်သည်။

ပြသချိန် ၂ နာရီ ၁၅ မိနစ်ရှိသော The Lady ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် Europa Corp (ပြင်သစ်)၊ Entertainment Film Distibutor UK နှင့် Conhen Media Group (US) တို့မှ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။ ဒရာမာလည်းဖြစ်၊ ရိုးမန့်စ်လည်းဖြစ်၊ အတ္ထုပ္ပတ္တိ ရုပ်ရှင်လည်းဖြစ်သော The Lady ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၂ ရက်နေ့ တိုရွန်တိုနိုင်ငံတကာ ၃၆ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ အထူးပွဲလည်း ပြသခဲ့သည်။

Ref;YTP

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်