Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Monday, December 5, 2011

အဋ္ဌမမြောက် ဆင်ဖြူ ရတနာတွင် တံခါးပိတ် အမြီး ပါရှိ











ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ် အချိန်ခန့်က မွေးဖွားခဲ့တဲ့ နိုင်ငံတော်ရဲ့ ၈ စီးမြောက် ဆင်ဖြူ ရတနာရဲ့ အမြီး ပုံစံဟာ တံခါးပိတ် အမြီးပုံစံ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်က နိုင်ငံတော်မှ တွေ့ရှိခဲ့တဲ့
ရတနာ ဆင်ဖြူတော်ေ တွဟာ ယခုလို တံခါးပိတ် အမြီးပုံစံ မရှိပဲ ယခု မွေးဖွားတဲ့ ဆင်ဖြူတော် ကလေးမှာသာ ပါရှိတာ ဖြစ် တယ်လို့ တာဝန်ခံ တစ်ဦးရဲ့ပြောကြား ချက် အရ သိရပါတယ်။

ဆင်ဖြူတော် ကလေးကို နိုင်ငံတော်ရဲ့ ဆဋ္ဌမမြောက် ဆင်ဖြူတော် ဖြစ်တဲ့ ဘဒ္ဒ၀တီမှ ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ ဆင်ဖြူတော် ကလေး ဟာ  မွေးဖွား ကာစက အမြင့် ၃ ပေ၊ ၁ လက်မ ၊ လုံးပတ်မှာ ၄ ပေ ၁ လက်မနဲ့ အမြီးကတော့ ၁ ပေ ၆ လက်မ ရှိပါတယ်။ အမွှေးအမျှင်မှာ ရွှေဖြူရောင် ဖြစ်ကာ ဆင်ဖြူတော် ဘဒ္ဒ၀တီ ဆင်မကြီးကဲ့သို့ ကြန်အင် လက္ခဏာ များနဲ့ ပြည့်စုံတယ်လို့ သိရပါတယ်။ မိခင် ဘဒ္ဒ၀တီ ဆင်မကြီးကိုတော့ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇွန်လက ရခိုင်ပြည်နယ် ၊ မောင်းတောမြို့နယ် ၊ ဖားဝပ်ချောင်း ကျေးရွာ အနီးမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် နေပြည်တော်ကို ၂၀၁၀ ခုနှစ် သြဂုတ်လက ပြော င်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ ပင့်ဆောင် လာခဲ့စဉ် ကတည်းက ကိုယ်ဝန် လက္ခဏာများ ရှိနေတဲ့ ဘဒ္ဒ၀တီ ဆင်မကြီးကို အနီး ကပ် စောင့်ကြပ် ကြည့်ရှု ထားရာက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ အရောက်မှာတော့ ယခုလို နိုင်ငံတော် အတွက် အဋ္ဌမမြောက် ဆင်ဖြူ ရတနာကို ဖွားမြင်ခဲ့တာလည်း ဖြစ်ပါ တယ်။ အဆိုပါ ဆင်ဖြူတော် ရတနာ ကလေးကို နေပြည်တော်ရှိ ဥပ္ပါတ သန်္တိ စေတီတော် ၀န်းအတွင်းမှာ မိခင် ဘဒ္ဒ၀တီနဲ့အတူ ထားရှိ ထားပြီး ဘွဲ့အမည် နာမ ပေးအပ်ခြင်းကိုတော့ မပြုလုပ် ရသေးကြောင်း သတင်း ရရှိပါတယ်။
 Ref;MRTV-4

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်