Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)
Tuesday, November 22, 2011
မွေးနေ့ မှာ တတိယတစ်ကိုယ်တော်အခွေ"မင်္ဂလာဝတ်စုံ"VCD ထွက်ရှိမယ်လို့ ဖြေကြားသွားခဲ့သော K-Pop အဆိုရှင် အိန်အိန်း
မေး-ကိုအိန်အိန်း ရဲ့ တတိယတစ်ကိုယ်တော်အခွေ"မင်္ဂလာဝတ်စုံ" ကို အကို့ ရဲ့ ပရိတ်သတ်တွေက မျှော်လင့်နေကြပါပြီ အဲ့ဒိအခွေကို အကို့ အနေ နဲ့ ပရိတ်သတ်တွေစီ ကို ဘယ်အချိန်လောက်မှာ ရောက်ရှိနိုင်မလဲ ပြီးတော့ အကို ဒီအခွေ နဲ့ ပတ်သတ်လို့ အခု လုပ်နေတာလေးတွေ လဲ သိချင်ပါတယ်။
ဖြေ-မင်္ဂလာဝတ်စုံTitleသီချင်း VCDရိုက်ဖို့ ပဲကျန်ပါတော့တယ် မင်္ဂလာဝတ်စုံ (english version) လဲBonus အနေနဲ့ ထဲ့ထားပါတယ် ကျွန်တော့် ပရိတ်သတ်တွေစီကို ကျွန်တော့် မွေး နေ့ April လမှာထွက်ဖို့ စဉ်းစားထားပါတယ်။
မေး- CD ကော ထုတ်မှာလား ပီးတော့ Feat ကဘယ်သူတွေပါလဲအကို့ ရဲ့ လက်တလောအနုပညာလုပ်ရှားမှုတွေ လဲ သိချင်ပါတယ်။
ဖြေ-CDမထွက်ဘူး VCD တန်းထွက်မယ်...feat က San Lin, Bigg Y, Kyaw Htut Swe, Extra-T, Nge Thar, Nyi Thu(all black), Moe Htet(Bone +), Myo G(SBA), Yan Yan, Myat Moe Hnin(Js), Mine Mine(Js)...လက်တလောနယ်ရှိုးတွေဆက်တိုက်ဆိုဖြစ်နေတယ် အလုပ်လက်ခံထားတဲ့သီချင်း VCDတွေမှာ ဒါရိုက်တာလုပ်ပေးနေပါတယ်Owntune တစ်ကိုယ်တော်အခွေ(၁)ခုလုပ်နေပါတယ်တယ်Audio CD အရင်ထွက်မှာပါ2012ထဲမှာထွက်ဖို့ စီစဉ်ထားပါတယ်
 မေး-အကို့ ရဲ့ Facebook & Gtalk အကောင့် Hacked ခံရတယ်လို့ သိရပါတယ် အဲ့ဒိကိစ္စ နဲ့ ပတ်သတ်ပီး အကို့ ရဲ့ ပရိတ်သတ်တွေက စိုးရိမ်းနေကြပါတယ် အဲ့ဒါလေးလဲ သူတို့ သိအောင်ပြောပြပေးပါဦး။
ဖြေ-Facebook  fan page ကစတယ်လို့ ပြောရမှာပေါ့မနာလိုပုတ်ခတ်သူတွေရဲ့ ဆဲဆိုမှုတွေက စပြီး အိန်အိန်း Facebookအကောင့်အတုတွေပေါ်လာတယ်အတုနဲ့ မဟုတ်အဟက်တွေရှောက်ပြောပြီးနောက်ဆုံး အိန်အိန်း ရဲ့ Real Facebook အကောင့်, fan page, gmail အားလုံးကိုHackedသွားတယ် နိုးဝင်ဘာလ(၁၃)မှာ စပြီးသုံးနေသူမှာReal အိန်အိန်း မဟုတ်တော့ဘူး အိန်အိန်း အနေနဲ့ ကျွန်တော့် ရဲ့ အမာခံ ပရိတ်သတ်တွေ တွေကို  ရိုင်းစိုင်းယုတ်မာစွာပြောဆိုဆက်ဆံတာတွေ့ ရတယ် ကျွန်တော့် မိန်းကလေး ပရိတ်သတ်တွေကိုလဲ Qပြီး ဖုန်းတွေဆက်ခိုင်းတာမျိုးတွေလဲလုပ်တယ် အဆိုးဆုံးက ကျွန်တော့် ရဲ့ ညီမအရင်းMyat Moe Hnin(Js Crew) နဲ့ ချစ်ကြိုက်နေပြီး ကိုယ်ဝန်(၃)လရှိလို့ လက်ထပ်ရတော့မယ်ဆိုတာတွေကိုFacebook မှာ လူမဆန်လုပ်ရက်တွေလုပ်တာတွေကိုတွေ့ ရပါတယ် အဲ့ဒိအတွက် ကျွန်တော့် ပရိသတ်တွေကို တောင်းပန်စကားပြောချင်ပါတယ်အိန်အိန်း (၂၀၁၁)ခုနှစ် နိုင်ဝင်ဘာလ(၁၃)ရက်နေ့ ကစပြီး Facebook Fan page မသုံးတော့ပါဘူးလို့ ကျွန်တော့် ပရိတ်သတ်တွေကိုလဲ ကျွန်တော့် သီချင်း အသစ်တွေ နဲ့ ဓာတ်ပုံတွေကို Website တွေမှာဆက်လက်တင်သွားမှာဖြစ်ပါတယ်။
မေး-အခုလတ်တလော အကို့ရဲ့ Js Dance Crew နဲ့  အကနဲ့ ပတ်သတ်လို့  ဘာတွေများ လေ့ကျင့်မှုပြုလုပ်နေလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ-ကျွန်တော်ဖွဲ့ စည်းထားတဲ့Js Dance Crew ရဲ့ အဖွဲ့ ဝင်တွေအားလုံးနဲ့  Training လုပ်ဖြစ်ပါတယ်VCD ရိုက်ဖို့ ရှိလို့ ခြေလှမ်းအသစ်တွေလက်တွေ့ လုပ်နေပါတယ် နယ်Showတွေမှာ အိန်အိန်း နဲ့ အတူ လိုက်ပါနေပါတယ်။
မေး-K-Pop Music မြန်မာနိုင်ငံ မှာခောတ်စားလာတဲ့ အချိန်က စပြီး အခု အချိန်အထိ အကို့ ရဲ့ K-Pop Music အပေါ်အမြင်ကိုပြောပါ။
K-Pop Music ကမောင်နေတာ2008ကဆိုပါတော့ အခုဆို 75% လောက်လက်ခံနေပီဆုတော့ ဝမ်းသာပါတယ်ဗျာကျန်တဲ့25% လက်ခံနိုင်အောင်ဆက်ပြီး လုပ်နေပါတယ်music လိုင်းတသ်ခုပေါက်ကတာ အခက်အခဲအများကြီး နဲ့ ရင်ဆိုင်ရပါတယ်ဒါပေမယ့်  ဂီတလိုင်းအသစ် တခုပေါက်ခဲ့တဲ့  ACID ဆိုရင်နားလည်မှာပါဘယ်လို သူတို့ လုပ်ခဲ့ ရလဲဆိုတာပေါ့ အခု အိန်အိန်း ရဲ့ စိတ်ကြိုက် ဂီတဖြစ်တဲ့Dance Music ကိုစဖောက်နေပါပြီ2012မှာတွေ့ ရမှာပါ။
Interview By...Zin Lin
No comments:
Post a Comment
Email မှ ဆက်သွယ်ရန်