Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Tuesday, November 15, 2011

တေးစီးရီးတွေနဲ့ သဇင်

ဒါရိုက်တာ ဦးမီးပွားရဲ့ “အမိမဲ့သား” ဇာတ်ကားမှာ သူရိယရဲ့ ချစ်သူအဖြစ် သဇင်က သရုပ်ဆောင်ပါတယ်။  အမေပျောက်ရှာတဲ့ ဇာတ်လမ်းမို့ ကျောက်စက်ရေနဲ့ ဇာတ်လမ်းဆင်ပေမယ့် မတူတဲ့ ဇာတ်လို့ သိရပါတယ်။ ကျောက်စက်ရေ ရုပ်ရှင်မှာ ထွန်းအိန္ဒြာဗိုလ် ငယ်ဘဝ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ သဇင်က “အမိမဲ့သား” မှာလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ အမေတွေ အများကြီးကြားထဲက သဇင်အခန်းကဏ္ဍကို မေးကြည့်တော့ “သမီးနဲ့ သူရိယက ငယ်ဘဝကတည်းက သူငယ်ချင်း၊ ကြီးလာတော့ ချစ်သူဖြစ်ကြတယ်။ သူက သရုပ်ဆောင် လုပ်တယ်။ သမီးက ကြည်ဖြူစွာနဲ့ လက်ခံပေးရတယ်။ ချစ်သူရှိတယ် ဆိုတာကိုတော့ သူ့အောင်မြင်မှုနဲ့ ဇာတ်လမ်းကို ကြည့်ပြီး မပြောရဘူးပေါ့။ အဲဒီအတွက် သူနဲ့အတူ အေးအတူပူအမျှ လိုက်ခံစားပေးတဲ့သူ အမေပျောက် လိုက်ရှာပေးတဲ့သူ ပထမရုပ်ရှင်နဲ့ ကာရိုက်တာ လုံးဝကွာပါတယ်” လို့ ဆိုပါတယ်။

သဇင်က နေရဲမာန်နဲ့ ချောစုခင်တို့ရဲ့ စုံတွဲ သီချင်းတစ်ပုဒ်ကို ဇေယျနဲ့ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ “ဗီစီဒီရိုက်တဲ့ ခံစားမှုက အထူးတော့ မရှိပါဘူး။ ပထမဆုံးသီချင်းကို နားထောင်ပါတယ်။ သီချင်းနဲ့လိုက်မယ့် အဝတ်အစား၊ မိတ်ကပ်၊ ဆံပင်ပြင်ဆင်ပြီး ဒါရိုက်တာ သင်ပေးတဲ့ ပုံစံအတိုင်း ရိုက်တာပါပဲ။ သီချင်းကို ရိုက်ရတာဆိုတော့ ပေါ့ပေါ့ပါးပါးတော့ ရှိပါတယ်။ သဇင်ရဲ့ ပထမစီးရီးက ပရိသတ်ကြား တအားမရောက်ခဲ့တာမို့ အခု ဒုတိယစီးရီးကို ဘယ်လို ပြင်ဆင်နေလဲ မေးတဲ့ အပေါ်မှာတော့ “သမီးရဲ့ ဒုတိယစီးရီးကို ကိုဂျမန်းနဲ့ မနှင်းနှင်းဝေတို့က ဝိုင်းပြီး စဉ်းစားပေး၊ စီစဉ်ပေးပါတယ်။ ကိုဂျမန်း ၅ ပုဒ်လောက် ဝင်ရေးပေးမယ် ပြောပါတယ်။ တခြားသီချင်းတွေလည်း ဝိုင်းရှာပေးကြတယ်။ ဒီဒုတိယစီးရီးမှာ Pop သံစဉ်ချိုချိုလေးတွေ များလိမ့်မယ်။ သီချင်း ၅ ပုဒ် ရပါပြီ။ Lazy Club နဲ့ တီးပါမယ်” လို့ ဒုတိယစီးရီးရဲ့ အပြောင်းအလဲကိုလည်း ပြောလာပါတယ်။ အနုပညာ မောင်နှမဖြစ်တဲ့ အူဝဲရဲ့ ကလေးကို သွားကြည့်ဖို့ လက်ဆောင်တွေ ဝယ်ထားပြီး မကြည့်ရသေးဘူး ပြောတာမို့ အမျိုးတွေ စိတ်ဆိုးနေဦးမယ်၊ သွားကြည့်လိုက်လို့ပြောတော့ ဟုတ်တယ်နော်လို့ ပြောပြီး ရယ်နေပါတယ်။ အချစ်အကြောင်း မေးတဲ့အခါ အေးဆေးပါပဲ။ မကြာမီလာမည်မျှော်လို့  ရယ်ပြောပြောသွားလေရဲ့။ ကြည့်ရတာ၂၀၁၂ နှစ်ဆန်းလောက်များ ဖြစ်မလား မသိပါဘူး။

Ref:YTP

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်