Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)
Thursday, December 22, 2011
အင်တာနက်ပေါ်မှာ သတင်းထွက်နေတဲ့ အိန်အိန်း နဲ့  ကိုယ်ဝန်သုံးလပြဿနာ
                                 အဆိုတော်အိန်အိန်း                                                                                   အိန်အိန်း ညီမအရင်း 
                                                                                                               မြတ်မိုးနှင်း(Js Dance Crew)
"အနုပညာရှင်လုပ်မှာလားကောလာဟလဒဏ်ကိုခံနိုင်ပြီလား" ဆိုတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးတစ်ယောက်ရဲ့ စကားကို မေးခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာ မှတ်သားဖူးပါတယ်။
အနုပညာလောကထဲမှာ မမြင်နိုင်တဲ့ရန်သူဆိုတာကောလာဟလပါ။အဆိုတော် သရုပ်ဆောင် အိန်အိန်း ရဲ့ အင်တာနက်အထက်ပြဿနာတက်နေတဲ့ကောလာဟလတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့အကြောင်းတွေကိုအခုလိုပြောပြခဲ့ပါတယ်။
 ညီလေးနဲ့ ပိတ်သတ်တဲ့ကောလာဟလဘယ်က စတယ်လို့ ထင်လဲ။
လောကမှာလူဆိုတာ ချစ်တဲ့သူ ရှိသလို မုန်းတဲ့သူလည်းရှိမှာပဲ။ ကိုယ့်ကို ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်းရှိတယ်။ အိန်အိန်း သီချင်း သွားဆိုတဲ့ နေရာတိုင်းမှာ ပရိတ်သတ်အားပေးတာခံရတယ် ပရိတ်သတ်နဲ့ လည်းအဆင်ပြေတယ်။ ခုချိန်မှာ ပရိတ်သတ်တစ်ယောက် တိုးဖို့ ဆိုတာ အရမ်းအရေးကြီးတာ ၊ ရှိပြီးသားပရိတ်သတ်အထင်လွဲစေမယ့် အောက်လုံးတွေနဲ့ ကျွန်တော့် နဲ့ ကျွန်တော့် ပရိတ်သတ်ကို အိန်အိန်း အတုဆိုတဲ့ သူ က အင်တာနက်ပေါ်မျာခလောက်ဆန်နေတာပါ။"
ပြဿနာကဘယ်လောက်အထိကျယ်ပြန့် သွားတယ်ထင်လဲ။
"အိန်အိန်း ပရိတ်သတ်ရဲ့ အထင်လွဲခြင်း ၊ အထင်သေးခြင်းကို ခံရတဲ့အထိဖြစ်သွားစေခတာပါ။ ရမည်းသင်း ၊အေလာမြို့ တွေမှာ Show ပွဲတွေ ဆက်တိုက် ဆိုဖြစ်နေချိန်မှာ ပြဿနာကစနေပြီ။အိန်အိန်း အတုလား  ၊ အစစ်လား ပရိတ်သတ်ထင်ယောင်ထင်မှား ဖြစ်စေတာ ဖုန်းထဲကနေမေးကြည့်တဲ့သူတွေက အိန်အိန်း ကိုနားလည်မှုလွဲချင်နေကြတယ်။အင်တာနက်ကနေ အိန်အိန်း ပရိတ်သတ်ကောင်မလေးတွေကို ရိသဲ့သဲ့ပြောတယ်။ချစ်ရေးဆိုတယ် ဖုန်းပြန်ဆက်ပါဘာညာလုပ်တယ် ၊ ဖုန်းတွေက အိန်အိန်းစီကို တကယ်ဝင်လာတယ်။ သူဘာတွေပြောထားတယ်ဆိုတာ ကိုယ်ကမသိတော့ကောင်မလေးတွေက အိန်အိန်း ကို ဖုန်းထဲကနေ ပြဿနာရှာကြတယ်။ တစ်ခုခုမှားနေပြီဆိုတာ သိလိုကရတယ်။ ရန်ကုန် ရောက်လာတော့ အင်တာနက်မှာ ရှာကြည့် တဲ့ အခါ အိန်အိန်း ကိုအောက်လုံးတွေနဲ့ ဆဲထားတယ်။ရေးထားတယ်။
မျက်မြင်တွေ့ လိုကရမှ အရမ်းအံ့သြသွားတယ်။ အိန်အိန်း ရဲ့ အင်တာနက် Account နဲ့  အီးမေးလ်ဝက်ဆိုဒ် ကို သိတာဘယ်သူလဲ ၊ ဘာကြောင့် ဒီလိုလုပ်တာလဲပေါ့ ။ စာတွေရှိတယ် ။ ဓာတ်ပုံတွေတ်ငမထားဘူး ရည်ရွယ်ချက်နဲ့ လုပ်တာဆိုတာ ဖုံးကွယ်ထားတယ်။ မှတ်မှတ်ရရအနေ နဲ့ နိုဝင်ဘာ(၁၃)ရက်နေ့ မှာ အိန်အိန်း လက်ရှိသုံးနေတဲ့အင်တာနက် Account အခိုးခံလိုက်ရတယ်။ အကုန်ပါသွားတယ်။ သူင်ယခ်ျငးတွေ နဲ့ ပြန်ရှာတယ် မရတော့ဘူး။ အီးမေးလ် ၊ Facebook ပရိတ်သတ်တွေထားတဲ့ Fan
Page ရောအကုန်ပါသွားတယ်။နိုဝင်ဘာ(၁၃)ရက်(၁၀)နာရီလောက်မှ သိရတာပါ။
ပြဿနာက ပရိတ်သတ်ကြားမှာ ပိုဆိုးလာနိုင်တယ်။ဒါကြောင့် အိန်အိန်း ကိုယ်တိုင်အမြန်ဆုံးရှင်းမှ
ဖြစ်တော့မ်ယလို့ ပြင်ဆင်ချိန်မျာပဲ Facebook Pageပေါ်က အတီအလင်း ကြော်ငြာလာတာက အိန်အိန်း ရဲ့ ညီမအရင်းဖြစ်တဲ့ မြတ်မိုးနှင်း နဲ့ ပေးစားတယ်။ ကိုယ်ဝန်(၃)လရနေပါပြီဆိုတဲ့ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေတင်ထားတယ်။အိန်အိန်း ချစ်တာက Dancer အဖွဲ့ ထဲက ကောင်မလေး ပါ။ မြတ်မိုးနှင်း ကို မချစ်နိုင်ပါဘူးဆိုတာမျိုးပါတက်လာတယ်။ပရိတ်သတ် ကလည်း ဖုန်းဆက်မေးကြတယ်။ ညီမလေးကို လည်းမေးကြတာ မောင်နှမအရင်းပါဆိုတာသိတဲ့ပရိတ်သတ်ရှိသိလို မသိတဲ့ ပရိတ်သတ်လည်း
ရှိတယ်။ဒီလိုမျိုးတွေ ကျွန်တော့် ကိုဘာလို့ တိုက်ခိုက်တာလဲ သိချင်တယ်။ ဘယ်သူနဲ့ မှလည်း ကိုယ်ကပြဿနာရှိခဲ့တာ မဟုတ်ဘူး ။ မဖြစ်ကတည်းက မိုးလင်းပေါက် လာတဲ့ဖုန်းတွေကို(၁၀)မိနစ်ခြားတစ်ခါရှင်းနေရတယ်။"
ဘာကြောင့်အခုလိုဖြစ်လာတယ်လို့ထင်လဲ။
"အိန်အိန်း ရဲ့ အောင်မြင်မှုကို မလိုလားတဲ့သူ မမြင်ချင်တဲ့သူပါ။ပြီးတော့ မောင်နှမအရင်း ကိုပေးစားပြီး သတင်းလွှင့်တာက အိန်အိန်း ရဲ့ ဂုဏ်သိက္ခာ ကို ကျဆင်းအောင် လုပ်တာဆိုတော့ ကိုယ့်ကိုလုံးဝမနှစ်မြို့ သူဆိုတာ လုံးဝထင်ရှားပါတယ်။ယုံကြည်မှုအရလက်တွဲလာတဲ့အထဲကဖြစ်နိုင်၊
မဖြစ်နိုင်ဆိုတာ အဖြေရှာလို့ မရဘူး။ အဖွဲ့ ကိုပျက်အောင်လုပ်တယ်ဆိုတာ ထင်ရှားတယ်။ ဒါပေမယ့် အိန်အိန်း နဲ့ အဖွဲ့ ကြားဘာမှ အပြောင်းအလဲ ဖြစ်မသွားပါဘူး။ ကိုယ်က ဒါမိန်ကလေး တွေကို ခေါင်းဆောင်ပြီးအနုပညာ အလုပ်လုပ်နေရတဲ့သူပါ။"
"အင်တာနက်က သုံးတက်ရင်  တန်ဖိုးရှိပါတယ်။တစ်မ္ဘာလုံးသုံးနေကြတာပါ။သတင်းပြန့် ကြားမှုတွေကို အချိန်တိုအတွင်း သိနိုင်တယ် ကြည့်နိုင်တယ်။ ဒီ အင်တာနက်ပေါ်က တလွဲအသုံးချနေကြတာ မျိုးလည်းရှိကြတာပေါ့။ ပြဿနာစဖြစ်တဲ့ နိုဝင်ဘ(၁၃)ရက်နေ့ ကစပြိး အိန်အိန်း ရဲ့ Facebook ၊ Gtalk ၊ Email ဘာမှ မသုံးတော့ဘူး။ လိုအပ်မယ်ထင်ရင် လုံခြုံရေးစနစ်ကောင်းတဲ့ စိတ်ချရတဲ့  ဝက်ဆိုဒ်ကို ပဲသုံးတော့မယ်။အင်တာနက်ကြောင့်ဖြစ်တဲ့ပြဿနာမဟုတ်ပါဘူး။" အင်တာနက်ကိုအသုံးချပြီး ကောလာဟလ သတင်းလွှင့်သွားတာပါလို့ ပြောကြားခဲ့ပါတယ်။
မိုးကြိုး(The First Music New Journal)
No comments:
Post a Comment
Email မှ ဆက်သွယ်ရန်