Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Wednesday, January 25, 2012

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားအတွက် ဗန်းကိုင်စာရင်းထွက်ပေါ် လာ

ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင်
၂၀၁၀ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားအတွက် ဗန်းကိုင်စာရင်းထွက်ပေါ် လာကြောင်းသိရသည်။ ယခုနှစ်အတွက် ဗန်းကိုင်လှပျိုဖြူလေးများ၏ အမည်စာရင်းမှာ- (၁) ထက်မိုးမြတ်ဦး၊ (၂) ၀င့်လဲ့နု၊ (၃) ထိုက်ဆုဝင်း၊ (၄) အိနြေ္ဒဘုန်းမြင့်၊ (၅) ယုသန္တာတင်၊ (၆) သဲနော်ဇာ၊ (၇) ခင်ရတနာစိုး၊ (၈) သဲစုနိုင် တို့ဖြစ်ကြသည်။ ယခုနှစ် ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင်မှာ အနုပညာပျိုးခင်းက စင်တင်သည့် အနုပညာရှင် မင်းသမီးတစ်ဦး ဖြစ်ကြောင်းသိရသည်။
၂၀၁၀ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားတွင် ဗန်းကိုင် လှပျိုဖြူများအတွက် မိတ်ကပ်၊ ပိုးထည်၊ ဖက်ရှင်(ဒီဇိုင်း)၊ လက်ဝတ်ရတနာ၊ ဖိနပ်စသည်များကို အောက်ပါကုမ္ပဏီများ
မှ ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
- ဗန်းကိုင်လှပျိုဖြူများအတွက် မိတ်ကပ်လိမ်းခြယ်ခြင်းကို တောင်ဝင်သူ(မေဦးမောင်)
- ဗန်းကိုင်လှပျိုဖြူများအတွက် ပိုးထည် များကို သိဂီ င်္ကျော်
- ဗန်းကိုင်လှပျိုဖြူများအတွက် ဖက်ရှင်(ဒီဇိုင်း) အား Adore (မစန်းစန်းသောင်း)
- ဗန်းကိုင်လှပျိုဖြူများအတွက် ဖိနပ်ကို ရွှေနားပန်(မန္တလေး) မှလည်းကောင်း
- ဗန်းကိုင်လှပျိုဖြူများအတွက် လက်ဝတ်ရတနာကို Precious စသော ကုမ္မဏီများ ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 ပေါ်ပျူလာဂျာနယ် (ဖေ့စ်ဘုတ်)

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်