Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Sunday, December 18, 2011

မြန်မာဘောလုံး အဖွဲ့ချုပ်မှ ပေးအပ်သည့် ၂၀၁၁ ခုနှစ် အတွက် အကောင်းဆုံး ဆုများ ပေးအပ်ပွဲကျင်းပ

မြန်မာဘောလုံး အဖွဲ့ချုပ်မှ ပေးအပ်တဲ့ ၂၀၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားေ ရွးချယ်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မနေ့က ညပိုင်းက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့်
အစိုးရ အဖွဲ့ဝင်များ မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ေ ဇ်ာနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အသင်း ပိုင်ရှင်များ ၊ နည်းပြများ ၊ ကစားသမားများနှင့်တကွ စာနယ်ဇင်း အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ပထမဆုကို ဆွတ်ခူးသွားခဲ့ သူကတော့ မြန်မာ့ လက်ရွေးစ င်နှင့် ဇေယျရွှေမြေ အသင်းတို့ရဲ့ တိုက်စစ်မှူး ကျော်ကိုကို ပဲ ဖြစ်ပါတယ်။ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဒုတိယဆုကို ရရှိခဲ့သူကတော့ မြန်မာ့ လက်ရွေးစင်နှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ရဲ့ ဂိုးသမား သီဟစည်သူပဲ ဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု တတိယ ဆု ကိုတော့ မြန်မာ့ လက်ရွေးစင် အသင်းနဲ့ ရန်ကုန် ယူနိုက်တက် ကစားသမား ရန်အောင်ကျော်က ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ထို့အတူ အခြားသော အကောင်းဆုံး ဆုများကိုလည်း ဆု အသီးသီး ချီးမြှင့်ခဲ့သလို အင်ဒိုနီးရှား ဆီးဂိမ်း ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့တဲ့ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းဟာလည်း ဆုငွေဒေါ်လာ ၂ သိန်းခွဲကို လက်ခံ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှ ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲ ဖြစ်တဲ့ Myanmar National League 2012  ၂၀၁၂ ရာသီ သစ်ကို လာမယ့် ဇန်န၀ါရီလ ၇ ရက်မှာ ပြန်လည် စတင်သွားမှာ ဖြစ်ပြီး ဒီရာသီမှာတော့ အသင်း၂သင်း ထပ်မံ ပါဝင်လာမှာလည်း ဖြစ်ကြောင်း သိရှိရပါတယ်။
Ref;MRTV-4

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်