Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Thursday, January 26, 2012

မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပြီလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့အတွက် တရားရေးနဲ့ ဥပဒေပြဌာန်းမှုတွေမှာ ပြုပြင်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဗုဒ္ဓဟူးနေ့ကစပြီး ၅ ရက်ကြာ ကျင်းပတဲ့

Wednesday, January 25, 2012

(NDF)ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၂ နေရာဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ၁၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာများကို ၂၀၁၂ ခုနှစ်

အနိုင်အထက် ပြုကျင့်ခြင်း၊ မောက်မာစော်ကားခြင်းပြုလုပ်သည့် ကြံ့ ဖွံ့ များအား ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်တော့မည်

ဇန်န၀ါရီလ ၂၁ ရက်နေ့ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထူးအစည်းအဝေးကို တွေ့ရစဉ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အနေဖြင့် ပြည်သူများအား အနိုင်အထက်ပြုကျင့်ခြင်း၊ မောက်မာစော်ကားခြင်း၊ စည်းကမ်းပျက်ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုကို အနှောင့်အယှက် ပြုသူများအား ပါတီတွင် နေရာရှိမှာ မဟုတ်သကဲ့သို့ ဒဏ်ခတ်အရေးယူမှုများ ရှိလာနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူးအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
''ပါတီဝင်များအနေနဲ့ ပြည်သူသာအမိ၊

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားအတွက် ဗန်းကိုင်စာရင်းထွက်ပေါ် လာ

ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင်
၂၀၁၀ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားအတွက် ဗန်းကိုင်စာရင်းထွက်ပေါ် လာကြောင်းသိရသည်။ ယခုနှစ်အတွက် ဗန်းကိုင်လှပျိုဖြူလေးများ၏ အမည်စာရင်းမှာ- (၁) ထက်မိုးမြတ်ဦး၊ (၂) ၀င့်လဲ့နု၊ (၃) ထိုက်ဆုဝင်း၊ (၄) အိနြေ္ဒဘုန်းမြင့်၊ (၅) ယုသန္တာတင်၊

ပါကစ္စတန်သမ္မတအာဆစ်အလီဇာဒါရီ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေး


ပါကစ္စတန် သမ္မတ အာဆစ်အလီဇာဒါရီသည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးအဖြစ် ဇန်န၀ါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က လာရောက်ခဲ့သည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးတိုးမြှင့်ရန် ရည်ရွယ်သည့် ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
နေပြည်တော်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီတို့သည် ဇန်န၀ါရီလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနှင့် ပါကစ္စတန်နှစ်နိုင်ငံကြား

မေတ္တာမွန်ဂိုဒေါင် ပြင်းထန်စွာ မီးလောင်ပေါက်ကွဲရခြင်း အကြောင်းမှန် ဖော်ထုတ်နိုင်ပြီဆို

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ မေတ္တာမွန်သိုလှောင်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပရ ဆေးဂိုဒေါင်မီးလောင်ရာ၌ ပေါက်ကွဲမှုအား များစွာပြင်းထန်ရခြင်းမှာ သိုလှောင်ထားသော ဓာတုပစ္စည်းများကြောင့်ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ သုံးသပ်ကြောင်း သိရသည်။ 

မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး

President Barack Obama delivers his State of the Union address on Capitol Hill  in Washington, January 24, 2012.
ဓာတ်ပုံ AP
အမေရိကန်သမ္မတအိုဘားမား လွှတ်တော် ၂ ရပ်ရှေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဉ်။ (ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၂။)
မနေ့ညတုန်းက အမေရိကန်ကွန်ဂရက်မှာ သမတအိုဘားမားက နှစ်စဉ် နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောဆိုသွားရာမှာ အမေရိကန်နိုင်ငံ စီးပွားရေး မြန်မြန်ဆန်ဆန် ကောင်းမွန်လာရေးအတွက် စီမံရေးဆွဲထားတဲ့ အစီအစဉ်တွေကို ရှင်းလင်းပြောဆိုသွားပါတယ်။ နိုင်ငံတကာအရေးကိစ္စတွေ ပြောရာမှာတော့ အာရှ ပစိဖိတ်ဒေသအပေါ်

Email မှ ဆက်သွယ်ရန်