Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Monday, December 5, 2011

ရပ်ကွက်သူ ၊ရပ်ကွက်သားများမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးအား ရန်ကုန်တိုင်ဒေသကြီး၊လုံခြုံစီစစ်ရေးနှင့် ကွပ်ကဲရေးဌာနသို့  တိုင်ကြားခြင်း။


         ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ဒဂုံ မြို့ နယ် အမှတ်( ၄၉ )
ရပ်ကွက်  ရပ်ကွက်သူ ၊ရပ်ကွက်သားများမှ ရပ်ကွက်အုပ်ချုပ်ရေးမှုးအား
ရန်ကုန်တိုင်ဒေသကြီး၊လုံခြုံစီစစ်ရေးနှင့် ကွပ်ကဲရေးဌာနသို့ 
တိုင်ကြားမှုတခုဖြစ်ပွားခဲ့ သည်။
                အကြောင်းမှာ

 ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ဒဂုံ မြို့ နယ်
အမှတ်( ၄၉ ) ရပ်ကွက်တွင်   ခန့်အပ်ထားသော   ရပ်ကွက်အုပ်ချုပ်ရေးမှုး
*ဦးမြငြိမ်း
*သည်  ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ယောက်၏ လုပ်ပိုင်ခွင်
့အာဏာများကိုအသုံးချ၍  ရပ်ကွက်အတွင်းတွင် မိမိ၏ ကိုယ်ရေးကိုယ်တာ
ခံစားချက်များကို ဦးစားပေးကာ   ရပ်ကွက်သူ
၊ရပ်ကွက်သားများအားခြိမ်းခြောက်ခြင်း၊ဧည့် စာရင်းဒဏ်ကြေးများအား မတော်မတရား
ကောက်ခံခြင်း၊ရပ်ကွက်အတွင်းရှိ  လူမှုရေး အဖွဲ့ အစည်းများအားခြိမ်းခြောက်ခြင်း
တို့ ကို ပြုလုပ်လျှက်ရှိရာ  ရပ်ကွက်သူ ၊ရပ်ကွက်သားများမှမကြေနပ်ကြသဖြင့် 
ရန်ကုန်တိုင်ဒေသကြီး၊လုံခြုံစီစစ်ရေးနှင့် ကွပ်ကဲရေးဌာနသို့  တိုင်ကြားခဲ့ကြ
ကြောင်းသတင်းရရှိပါသည်၊  ရပ်ကွက်သူ ၊ရပ်ကွက်သားများမှပြောကြားချက်အရ
ရပ်ကွက်အတွင်းရှိ  ဘ၀ခရီးသည် နာရေးကူညီမှုအသင်းကိုလည်း
ခြိမ်းခြောက်မှုများပြုလုပ်ကြောင်း ၊အခြားသော လူမှုရေးအသင်းများနှင့် 
လည်းမည်သို့ မျှ ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်းများသိရသည်၊ထို့ အပြင်
ယခုတိုင်ကြားမှုတွင် ရက်ကွက်သူ ရပ်ကွက်သားများသာမက အခြားအဖွဲ့ အစည်းများဖြစ်သော
မီးသတ် ၊ မိခင်နှင့်ခလေးစောင့် ရှောက်ရေးအသင်းတို့ အပြင် အခြားသောလူမှုရေးအဖွဲ့ များမှ လည်း တိုင်ကြားခြင်းများရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်