Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Thursday, December 1, 2011

၂၇၅ ကြိမ်မြောက် ငွေကျပ် ၂၀၀တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ ကျင်းပ











၇၅ ကြိမ်မြောက် ငွေကျပ် ၂၀၀တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲကို အောင်ဘာလေ သိန်းဆု ဌာနခွဲ တည်ရှိရာ အမှတ် ၃၈၄၊ မဟာ ဗန္ဓုလလမ်းနဲ့  ၃၇ လမ်းထောင့် ၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့ရှိ ထီဖွင့်ပွဲ ခန်းမဆောင်မှာ ယနေ့ နံနက် ၈ နာရီမှာ စတင် ကျင်းပခဲ့ကြောင်း သတင်း ရရှိပါတယ်။

အဆိုပါ အောင်ဘာလေ သိန်းဆု ဖွင့်ပွဲသို့ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန
အောင်ဘာလေ သိန်းဆု ဌာနခွဲမှ တာဝန် ရှိသူများ ၊ ရန်ကုန် မြို့ရှိ  ထီ လုပ်ငန်းကြီးများမှ လုပ်ငန်းရှင်များ ၊ ထီ ၀ါသနာရှင် များ တက်ရောက် ခဲ့ကြပါတယ်။ ၂၇၅ ကြိမ်မြောက် ငွေကျပ် ၂၀၀တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲကို အောင်ဘာလေ သိန်းဆု ဌာနခွဲမှ တာဝန်ရှိသူက အမှာစကား ပြောကြားပြီး ဖွင့်လှစ် ပေးခဲ့ပါတယ်။ အဲ့ဒီနောက် တာဝန် ရှိသူများနှင့် ထီ လုပ်ငန်းရှင်ကြီးများက ထီဖွင့်ပွဲမှာ အသုံးပြုမယ့် အက္ခရာ ဂေါ် လီလုံးများ ၊ ဂဏန်း စည်များကို ထီဖွင့်ပွဲ ကျင်းပမယ့် စင်မြင့်ပေါ် သို့ တက်ရောက် စစ်ဆေးကြပါတယ်။

အဲ့ဒီနောက်မှာတော့ ၂၇၅ ကြိမ်မြောက် ငွေကျပ် ၂၀၀တန် အော င်ဘာလေ သိန်းဆု ဖွင့်ပွဲကို ဆက်လက် ကျင်းပရာ ကျပ်သိန်း တစ်ထောင် အထူးဆုကြီး အဖြစ် ပေါက်မဲနံပါတ် ဆ-၁၅၇၆၁၀ ၊ ငွေကျပ် သိန်းငါးရာ အထူးဆုကြီး အဖြစ် ပေါက်မဲနံပါတ် ဗ-၃၈၈၅၈၈ ၊ ငွေကျပ် သိန်းသုံးရာ ဆုမဲ သုံးဆု အတွက် ပေါ က်မဲ နံပါတ်များမှာ င-၅၅၈၃၇၈ ၊ မ-၅၀၇၅၁၄ ၊ ခ-၃၄၅၀၃၁ ၊ ငွေကျပ် သိန်းနှစ်ရာ ဆုမဲ ငါးဆုအတွက် ပေါက်မဲ နံပါတ်များမှာ ဒ-၆၂၂၇၉၀ ၊ ဗ-၅၄၆၈၀၀ ၊ ဘ-၈၂၃၉၃၇ ၊ ဏ-၆၅၁၁၀၅ ၊ ပ-၁၄၁၈၂၅ ၊ ငွေကျပ် သိန်းတစ်ရာဆု မင်္ဂလာစုံတွဲ ယူနစ်များ အတွက် ပေါက်မဲ နံပါတ်များမှာ ဍ - ၁၃၅၅၁၇ ၊ ဍ -၆၄၄၈၂၅ ၊ က-၄၃၆၉၉၄ ၊ ဏ-၇၂၉၀၈၂ ၊ ည-၇၁၈၀၈၈ ၊ ထ-၃၃၀၅၀၀ ၊ ဂ-၉၃၄၆၃၉ ၊ ဋ - ၈၃၀၉၀၀ ၊ ဎ-၁၀၆၆၄၅ ၊ ဈ-၆၅၁၆၃၁ ၊ ဆ-၁၀၉၀၁၃ ၊ ဋ -၉၈၈၅၄၉ ၊ ဗ-၉၈၄၉၀၉ ၊ ဎ-၁၁၂၃၅၇ တို့ ဖြစ်ကြပါတယ်။

ယနေ့ ဖွင့်လှစ်ခဲ့တဲ့ ငွေကျပ် ၂၀၀တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲရဲ့ တန်ဖိုး အလိုက် ဆုမဲများမှာ ငွေကျပ်သိန်း ၁ထောင် တစ်ဆု ၊ ငွေကျပ်သိန်း ၅ရာ တစ်ဆု ၊ ငွေကျပ်သိန်း ၃ရာ ဆု သုံးဆု၊ ငွေကျပ်သိန်း ၂ရာ ဆု  ၅ ဆု ၊ ငွေကျပ်သိန်း ၁ ရာဆု ၁၄ ဆု ၊ ဖြည့်စွက် ယူနစ် ၃ ယူနစ် ၊ အပိုဆု ၆၁ ဆုကို ဖွင့်လှစ် ပေးခဲ့ပါတယ်။
Ref;MRTV-4

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်