Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Wednesday, November 30, 2011

အင်တာနက် မြန်နှုန်း ဆက်နှေးပါက လုပ်ငန်းများ အခက်တွေ့နိုင်












မြန်မာနိုင်ငံ ၏ အဓိက အချက်အ ချာမြို့များ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေး မြို့တွင် အသုံးပြုနေ ကြသည့် အင်တာနက် လိုင်းများ ၏ မြန်နှုန်းနှေးကွေးမှုများ ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက ယင်းကို မှီခိုနေရသည့် စီးပွားရေးလုပ်ငန်း များ၏
ရေရှည်ရပ်တည်နေနိုင် မှုကို သိသိသာသာရိုက်ခတ်မှုများ ဖြစ်လာတော့မည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းရှင်များနှင့် သုံးစွဲ သူများက တညီတညွတ်တည်းအ သိပေးပြောဆိုကြသည်။
အဓိကမြို့ကြီးများ၏ အင် တာနက် ဆက်သွယ်မှုလိုင်းများ နှေးကွေးမှုများဖြစ်ပေါ်နေခြင်းမှာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း အများ စုနှင့် အခြေခံသုံးစွဲသူများအကြား တွင်သာ အများဆုံးဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ မြန်နှုန်းအမြင့်ဆုံးဟုဆို ထားသည့် ဖိုက်ဘာအင်တာနက် လိုင်းများနှင့် ယင်းစနစ်ကိုအသုံး ပြုနေသည့် မန္တလေးမြို့တွင်ပင် သုံးစွဲမှုများအဆင်မပြေဖြစ်နေရ ကြောင်းမြို့ခံလုပ်ငန်းရှင်အချို့ ကဆိုကြသည်။ “ဖိုက်ဘာလိုင်းကို ကုမ္ပဏီ တစ်ခုကနေ တူးမက်အထိ အ မြင့်ဆုံးကိုယူထားတာတောင်မှ အင်တာနက်ကို ဖုန်းလိုင်းမက်ခ်ဝဲ နဲ့သုံးမှရတယ်။ ကျန်တဲ့အင်တာ နက်စနစ်တွေ အကုန်လုံးသုံးခဲ့ ပေမယ့် ခုအမြင့်ဆုံးအကောင်းဆုံး လို့ဆိုတဲ့ ဖိုက်ဘာလိုင်းအထိပဲဝယ် ခါစပဲ အဆင်ပြေတယ်။ နောက် ပိုင်းဆို သွားတော့တာပဲ” ဟု မန္တ လေးမြို့မှ ကွန်ပျူတာလုပ်ငန်းရှင် တစ်ဦးဖြစ်သော ဦးရဲမြတ်သူက ဆိုသည်။
ထို့အပြင် မန္တလေးမြို့တွင် FttH အင်တာနက်လိုင်းကို ဝယ်ယူ ရာတွင် ၀ယ်ယူသူများက ၄င်းတို့ ဝယ်ယူသည့် အင်တာနက်လိုင်း သည် မည်မျှပင်ပြတ်တောက်နှေး ကွေးလေးလံခြင်း၊ သုံးစွဲမရခြင်း များ ဖြစ်ပေါ်လာစေကာမူကုမ္ပဏီ နှင့် လုံးဝမသက်ဆိုင်ပါကြောင်း သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးပြီးမှ ဝယ်ယူနိုင်ကြောင်း သိရသည်။ “ဒီအတိုင်းသာ ကြာလာရင် တော့ အင်တာနက်ဆိုင်တွေမ လွယ်တော့ဘူး။ ပြီးတော့ နိုင်ငံတ ကာမှာက ဆက်သွယ်ရေးဝန်ကြီး ဌာနဆိုတာမျိုးက Rules and Regulations တွေ၊ Standard တွေနဲ့ စနစ်တွေကို တန်းဝင်၊ မဝင်၊ ဥပဒေ နဲ့ညီလား၊ မညီလားကို တိတိကျကျ လုပ်ပေးဖို့အတွက်ဖြစ်တယ်။ ဒီမှာ ကတော့ ဒိုင်နဲ့ ထိုးသားက တစ် ယောက်တည်းလို သူတို့ကပဲစီးပွား ရေးထဲဝင်လုပ်နေတာကြောင့် ရေ ရှည်ဆိုဒီထက်ဆိုးလာနိုင်တယ်” ဟု မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း များ ရောင်းဝယ်ခြင်းများလုပ်ကိုင် နေသော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ထို့အပြင် လက်ရှိကျင်းပနေ သည့် လွှတ်တော်အတွင်းသို့ နည်း ပညာဆိုင်ရာများကို နားလည် တတ်ကျွမ်းသူ ပညာရှင်များ၊ လုပ် ငန်းရှင်များဝင်ရောက်သင့်ပြီး ယခု အချိန်ထိ ပြည်တွင်းနည်းပညာဖွံ့ ဖြိုးတိုးတက်ရေးအတွက် တင် သွင်းအဆိုပြုခြင်းများကို သိသာ ထင်ရှားစွာ မတွေ့မြင်ရသေး ကြောင်း ပြည်တွင်းအင်တာနက် သုံးစွဲသူများ၊ကွန်ပျူတာပညာ ရှင်များ၊လုပ်ငန်းရှင်များကဆိုကြ သည်။ နေရာအနှံ့အပြားတွင် ဖွင့် လှစ်ထားကြသည့် အများပြည်သူ သုံးအင်တာနက်ဆိုင်များအနေ ဖြင့်လည်း အစိုးရနှင့်ပုဂ္ဂလိက လုပ် ငန်းရှင်ကြီးအချို့က ရောင်းချပေး နေသည့် ထွက်ရှိသမျှအင်တာနက် လိုင်းများကို ဝယ်ယူသုံးစွဲနေကြ သော်လည်း အဆင်မပြေခြင်းများ ဆက်တိုက်ကြုံတွေ့နေကြရသည် ဟုယင်းလုပ်ငန်းလုပ်ကိုင်သူများ က ဆက်လက်ဆိုကြသည်။ “တကယ်တော့ အင်တာ နက်ဆိုတာက တိုင်းပြည်တစ်ခုရဲ့ ကုန်ထုတ်စွမ်းအားစုနဲ့သက်ဆိုင် တယ်။ ကမ္ဘာကြီးကို အချိန်နဲ့ တစ်ပြေးညီအချိတ်အဆက်ရှိ နိုင်မှ ခေတ်မီတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ထွက်လာမှာ။
နိုင်ငံတကာရောက်နေတဲ့ မြန်မာ မိသားစုနဲ့ ဒီမှာကျန်ခဲ့တဲ့သူတွေ ပုံမှန်ဆုံစည်းနိုင်ဖို့က ဒီအင်တာ နက် တစ်နည်းပဲရှိတယ်” ဟုအထက် ပါမန္တလေးမြို့မှ ကွန်ပျူတာလုပ် ငန်းရှင်ကဆက်လက်ပြောသည်။ ယခုကဲ့သို့ အင်တာနက်လိုင်း များ နှေးကွေးပြတ်တောက်မှုများ မှာ မရပ်မနားဆက်တိုက်ဖြစ်ပေါ် နေသည့်အချိန်တွင် ယခုနှစ်ဆန်း ပိုင်းက မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ အင်တာနက်မှတစ်ဆင့် နိုင်ငံတကာသို့ တယ်လီဖုန်းဆက် သွယ်ပြောဆိုနိုင်သည့် Pfingo, VZO အစရှိသည့်ဆက်သွယ်မှုလိုင်းများ ကို နိုင်ငံတော်၏နိုင်ငံခြားဝင်ငွေ ရရှိမှုအပေါ်ထိခိုက်စေသည့် အ တွက် အသုံးမပြုရန်တားမြစ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယင်းဆက်သွယ်မှု စနစ်များသည် လက်ရှိမြန်မာနိုင်ငံ ၏ နိုင်ငံရပ်ခြားတယ်လီဖုန်းဆက် သွယ်မှုစနစ်အတွက် ဈေးနှုန်းအ သက်သာဆုံးနှင့် အမြန်ဆန်ဆုံးစ နစ်တစ်ခုဖြစ်နေသဖြင့် မဖြစ်မနေ ဆက်လက်အသုံးပြုနေကြရသည် ဟု သုံးစွဲသူများထံမှသိရသည်။ လက်ရှိပြည်တွင်း အင်တာ နက်လိုင်းအမျိုးအစားစုံကို လူသိ များသည့် စီးပွားရေးလုပ်ငန်းစုကြီး များဖြစ်သော ထူးကုမ္ပဏီပိုင် Elite Tech ၊ Fortune International ၊ IGE ၊ RedLink Communications၊ ရတနာပုံတယ် လီပို့ကုမ္ပဏီလီမိတက်တို့ကနေ ရာဒေသ အပိုင်းလိုက် တာဝန်ယူ ရောင်းချပေးလျက်ရှိသည်။
Ref;ရိုးရာလေး

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်