Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Wednesday, November 30, 2011

Apple User များအားလုံး Apple ID ပြုလုပ် ထားသင့်သည် ဟုဆို












ပြည်တွင်းရှိ Apple User များ အားလုံး Apple ID ပြုလုပ် ထားသင့်သည်ဟု Apple ပစ္စည်းများသီးသန့် ရောင်းချနေသည့် Apple ပစ္စည်း အရောင်းဆိုင် များမှ သိရသည်။ Apple ID ပြုလုပ်ခြင်းဖြင့်Apple ပစ္စည်း ဝယ်ယူသူများ အတွက်အာ မခံသက်တမ်း warranty နှင့် ပတ် သက်သည့်ကိစ္စများတွင်
အဆင်ပြေ နိုင်သည်ဟု သိရသည်။
Apple ID များ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ i-TAB Apple ပစ္စည်း အ ရောင်းဆိုင်မှDirector ဖြစ်သူ ဒေါ် ခင်ယွန်းယွန်းက Apple ID ကို Apple ပစ္စည်း အသုံးပြုသူတိုင်း ပြု လုပ်ထားသင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝယ်ထားတဲ့ Apple Product က အချိန်မရွေး ချို့ယွင်း ချက်ရှိနိုင်သလို ဝယ်ယူသူ ကိုယ် တိုင်လည်း ကိုယ်ဝယ်ထားတဲ့ဆိုင် နဲ့ အချိန်မရွေး နီးမနေနိုင်ပါဘူး။
မြန်မာပြည်က Apple ပစ္စည်း အ ရောင်းဆိုင်က ဝယ်ထားတဲ့ ပစ္စည်း တွေကို အမေရိကန်မှာ ပြုလုပ် ထားမှသာ ကိုယ့်Apple Product ရဲ့ Serial number ကို ရှာဖွေနိုင်မှာ ဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ Apple ပစ္စည်းတွေကို ဝယ်ယူထားသူတိုင်း အတွက်Apple ID ဟာ အရေးကြီး တယ်။ ကျွန်မတို့ Apple ပစ္စည်း အရောင်းဆိုင်အနေနဲ့ Apple Product ဝယ်ယူသူတွေကို Apple ID အခမဲ့ ပြုလုပ်ပေးတဲ့ ဝန်ဆောင် မှုကို ပေးထားပါတယ်ဟု ပြော ကြားသည်။
Apple ID ပြုလုပ်ပေးခြင်းသည် Appleပစ္စည်းဝယ်ယူသူများအတွက် Apple အရောင်းဆိုင်များမှ ပြုလုပ် ပေးသင့်သော ဝန်ဆောင်မှုတစ်ခု လည်း ဖြစ်သည်ဟု သိရသည်။ Apple ID သက်၍I-MAC Mobile Phone Sales and Service Centre မှ ကိုတင်ထွဋ် က Apple ID ကိုApple အရောင်း ဆိုင်တိုင်းကနေ အခမဲ့ပြုလုပ်ပေး သင့်ပါတယ်။
ဘာလို့လဲဆိုတော့ ဗစစူန ပစ္စည်း ဆိုင်တွေမှာ ဃကျအသာနမ ကို ပေးရတဲ့ဝန်ဆောင်မှုက အရေးကြီးဆုံးဆိုတော့ Apple ID ဖန်တီးပေးရတာက Customer အ တွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ကျွန်တော့် ဆိုင်မှာတော့ Apple Product Service လုပ်ပေးသူ တွေကို အခမဲ့ ID လုပ်ပေးပါ တယ် ဟု ပြောကြားသည်။ ပြည်တွင်း Apple ဈေးကွက် အတွင်း Apple ID ပြုလုပ်ခြင်းများ ခေတ်စားလာနိုင်ပြီး အချို့Apple အရောင်းဆိုင်များတွင်Apple ID အား အခကြေးငွေဖြင့်သွားရောက် ပြုလုပ်နိုင်ကြောင်း သိရသည်။
Ref;ရိုးရာလေး

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်