Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Tuesday, November 29, 2011

ရန်ကုန်မြို့တွင် ခုံးကျော်တံတား ၄ ခု တည်ဆောက်သွားမည်

















(လှည်းတန်းလမ်းဆုံ မီးပွိုင့် အားတွေ့ ရစဉ်)
ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြေရှင်းပေးနိုင်မယ့် ခုံးကျော်တံတား ၄ ခုကို လာမယ့် ၄ လ အတွင်း အပြီး တည်ဆောက်သွားမှာ ဖြစ်တယ်လို့ အမှတ် ၁ နှင့် ၂ စက်မှုဝန်ကြီး ဌာန ၊
ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက နေပြည်တော် အမှတ် ၂ စက်မှုဝန်ကြီး ဌာနမှာ ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ခုံးကျော်တံတား ၄ ခုကို ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပွားနေတဲ့ ကမာရွတ် လှည်းတန်း လမ်းဆုံ ၊ ရွှေဂုံတိုင် လမ်းဆုံ ၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင် လမ်းဆုံတွေမှာ ဆောက် လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောက်လုပ်ရတာကလည်း ယာဉ်ကြော ပိတ်ဆို့မှုတွေကြောင့် လုပ်သား ပြည်သူတွေရဲ့သွား လာရေးမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေတာကြောင့် ဖြစ်တယ် လို့ ပြည် ထောင်စု ၀န်ကြီးမှ ပြောကြားခဲ့ပါတယ်။

အခုလို ခုံးကျော် တံတားတွေကို ၄ လ အတွင်း အပြီး တည်ေ ဆာက်ရာမှာလည်း အရည်အသွေးပိုင်းကို ခိုင်ခန့် စိတ်ချရေ အာင် အထူး ဂရုပြုပြီး ကြီးကြပ် သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ခုံးကျော် တံတား ၄ခုကို မြောက်ဥက္ကလာ ခုံးကျော်တံ တား ၊ ပါရမီ ခုံးကျော်တံတား စတာတွေလို အခိုင်အခံ့ ဆောက် လုပ်မှာ ဖြစ်ပြီး ဆောက်လုပ်ရာမှာ Pre စနစ်ကို အသုံးပြု ဆော က်လုပ်မှာ ဖြစ်ပါတယ်။

ဒီလို ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ အတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို အသုံးပြုမှာ မဟုတ်ဘဲ ဘဏ်တွေကနေ ထုတ်ချေးပေး မှာ ဖြစ်ပါတယ်။ လတ်တလော ညှိနှိုင်းထားမှုတွေ အရ လှည်းတန်း ခုံးကျော်တံတား အတွက် ကမ္ဘောဇ ဘဏ် ၊ တာမွေ ၅ လမ်းဆုံ အတွက် မြန်မာ့ စက်မှုလက်မှု ဖွံဖြိုး တိုးတက်ရေး ဘဏ် ၊ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် ခုံးကျော် တံတား အတွက်အတွက်ကိုတော့ တာဝန်ယူ ဆောက် လုပ်မယ့် ကုမ္ပဏီကနေ ကျခံထားဖို့ အတွက် အကြမ်းဖျင်း လျာထားတယ်လို့ သတင်း ရရှိပါတယ်။
Ref;MRTV-4

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်