Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Monday, November 28, 2011

Facebook နှင့် HTC တို့ စမတ်ဖုန်း ပူးပေါင်း ထုတ်လုပ်မည်






Google ကုမ္ပဏီမှ ထုတ်လုပ်သည့် Android  လည်ပတ်မှု စနစ်ကို အသုံးပြုသည့် စမတ်ဖုန်း တစ်မျိုးကို ထိုင်ဝမ် နိုင်ငံမှာ HTC ကုမ္ပဏီနှင့် ပူးပေါင်းပြီး Facebook မှ ထုတ်လုပ်တော့မည် ဖြစ်ကြောင်း နည်းပညာ ဘလော့ တစ်ခု ဖြစ်သည့် All Things Digital တွင် ဖော်ပြခဲ့သည်။ အဆိုပါ စီမံကိန်းကို လျို့ဝှက်ကုဒ် အမည်အဖြစ် Buffy ဟု အမည်ပေးထားပြီး ကယ်လီဖိုးနီးယား အခြေစိုက် Facebook ၏ လူမှုရေး ပလက်ဖောင်းနှင့် လိုက်လျှောညီထွေရှိစေမည့် ပုံစံတစ်မျိုးဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်း ဘလော့တွင် ရေးသား ဖော်ပြခဲ့ သည်။ ယင်းဘလော့ကို The Wall Street Journal ထုတ်လုပ်သူ Dow Jones မှ ပိုင်ဆိုင်ခြင်း ဖြစ်သည်။

ယခု ဖုန်းမှာ Facebook ကို အထူးအဆင့်မြှင့်တင်ထားသည့်
ပုံစံဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်းလည်း All Things Digital မှ ပြောခဲ့သည်။ Facebook အဖွဲ့မှာ HTC နှင့် အတူအတူတွဲ လုပ်ဆောင်လျက်ရှိပြီး ဆက်သွယ်ရေး လုပ်ငန်း ဝန်ဆောင်မှု ပေးသူများနှင့် လည်း ပူးပေါင်း လုပ်ဆောင်နေကာ လာမည့် ၁၈ လ အတွင်း ထုတ်လုပ်နိုင်ရန် လျာထားကြောင်းလည်း အဆိုပါ ဆိုက်တွင် ရေး သား ဖော်ပြခဲ့သည်။ ယခုလို သတင်းနှင့် ပတ်သက်ပြီး Facebook ပြောရေး ဆိုခွင့်ရှိသူမှ ဝေဖန်ချက်ပေးရန် ငြင်းဆန် ထားသော်လည်း မိမိတို့ အနေဖြင့် သွားလာ လှုပ်ရှားပြီး သုံးစွဲနိုင်သည့် မိုဘိုင်း စနစ်များ အားလုံးမှာ လူမှုရေး ကွန်ရက်အတွင်း နက်နက်ရှိုင်းရှိုင်း ရှိပါက ပိုမိုကောင်းမွန်လိမ့်မည် ဖြစ်သည်ဟု ပြောကြား သွားခဲ့သည်။

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်