Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Monday, November 28, 2011

နောက်ဆုံးပေါ် Galaxy ဖုန်းသစ် တောင်ကိုရီးယားတွင် မိတ်ဆက်






ကမ္ဘာ့ဒုတိယ အကြီးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်သူ    Samsung ကုမ္ပဏီမှာ ၎င်းတို့၏ နောက်ဆုံးထုတ် Galaxy Note ကို တနင်္လာနေ့က တောင်ကိုရီးယားတွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး မိုဘိုင်းဖုန်း ဈေးကွက် တွင် နေရာ သစ်တစ်ခု ထူထောင်နိုင်ရန် ကြိုးစားလိုက်ပြီ ဖြစ်သည်။

လွန်ခဲ့သည့် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့်
IFA 2011 ပြပွဲတွင် လူထုရှေ့သို့ ပထမဆုံး ထုတ်ဖော် ပြသခဲ့သည့် ယခုဖုန်းမှာ Samsung ၏ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်များ အတွင်းတွင် ထပ်မံ ထုတ်လုပ်မှုတစ်ခု ဖြစ်ပြီး စမတ်ဖုန်းအား tablet ကွန်ပြူတာ၏ မျက်နှာပြင်ပုံစံ ပိုမိုကျယ်ဝန်းသည့် ပုံဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ယခုဖုန်းမှာ သယ်ဆောင်ရ လွယ်ကူစေရန်နှင့် ပိုမိုအသုံးတည့်စေရန် အတွက် ၉.၆၅ မီလီမီတာ အထူဖြင့် ပြုလုပ်ထားပြီး အလေးချိန် ၁၈၂ ဂရမ် ဖြစ်ကာ အနက်ရောင်ဖြင့် ဒီဇိုင်းထွင် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ၅.၃ လက္မ အကျယ်ရှိသည့် အထူး မြင်ကွင်းကောင်းစေသော AMOLED မျက်နှာပြင်ကို အသုံးပြုထားကြောင်းလည်း သိရသည်။ ယခုဖုန်းတွင် အသုံးပြုသူများ အနေဖြင့် ယင်းတွင်ပါဝင်သည့် တုတ်တံကို အသုံးပြုကာ ပုံဆွဲခြင်းနှင့် ပုံဖြတ်ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်စေနိုင်မည် ဖြစ်သည်။
 Ref;MRTV-4

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်