Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Tuesday, November 15, 2011

ပထမဆုံး လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မည်



  








နိုင်ငံတော် ဓာတ်အားစနစ်နှင့် အလှမ်းကွာဝေးသည့် ဒေသများ အတွက် ရည်ရွယ်သည့် ပထမဆုံး လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို  ထိုင်းနိုင်ငံမှ GUNKUL Engineering Public Co.,Ltd. နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ နိုင်ငံတော် ဓာတ်အားစနစ်နှင့် အလှမ်းကွာဝေးသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် လေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု လုပ်ငန်းများကို ဒေသအာဏာပိုင်များနှင့် ပြည်သူတို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ဆောင်ရွက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းကို ၂၀၀ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်မည့် လုပ်ငန်းအဆင့် ငါးခုခွဲ၍ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်း ပထမအဆင့်ကို ၂၀၁၅ ခုနှစ်၌ စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်း တစ်ခုလုံး၏ စုစုပေါင်း ထုတ်လုပ်နိုင်မည့် ၁၀၀၀ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်မည့် လေအားလျှပ်စစ် စီမံကိန်းအတွက် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လျှပ်စစ်စွမ်းအား ဦးစီးဌာနနှင့် GUNKUL Engineering Public Co.,Ltd. တို့ နိုဝင်ဘာ ၂ ရက်နေ့က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်