Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 19, 2011

ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကုန်တင်သင်္ဘောတစ်စီးနှင့် လှေနှစ်စီး ပျက်စီးခဲ့











ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ မဲ့ဆာလတ်ရွာ ဆိပ်ကမ်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ (၆) ရက် တနင်္ဂနွေနေ့က ချိန်ကိုက်ဗုံးဟု ယူဆရသော ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့်  ကုန်တင်သင်္ဘောတစ်စီး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ မဲ့ဆာလတ် ဆိပ်ကမ်းသည် သံလွင်မြစ်ပေါ်တွင်
တည်ရှိပြီး ပျက်စီးခဲ့သည့် ကုန်တင်သင်္ဘောမှာ ကျွဲနွားအကောင်ရေ (၈၀) ခန့် သယ်ဆောင်နိုင် သည်ဟု သိရသည်။ ပေါက်ကွဲမှုဖြစ်စဉ်မှာ နံနက် (၉) နာရီ အချိန်ခန့်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ကုန်တင်သင်္ဘောမှာ ခါးလယ်မှ နှစ်ပိုင်းကျိုးကာ ပျက်စီးခဲ့သည့်အပြင် အခြားလှေနှစ်စင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ၎င်းကုန်စည် သင်္ဘောမှာ ထိုင်းနိုင်ငံမှ စီးပွားရေးပိုင်ရှင် တစ်ဦး၏ သင်္ဘောဖြစ်ပြီး မြန်မာနိုင်ငံဘက်တွင် မှတ်ပုံတင်၍ ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်နေသည့် သင်္ဘောဖြစ်သည်ဟုလည်း သိရသည်။

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်