Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Sunday, November 27, 2011

ရန်ကုန်လေဆိပ်ရှိလေကြောင်းကုန်စည်သိုလှောင်ရုံသစ် ဖွင့်လှစ်မကြာမီအချိန်အတွင်းပုဂ္ဂလိကမှ နိုင်ငံတကာ လေကြောင်းကုန်စည်လုပ်ငန်းများ စတင်တာဝန်ယူရန်ရှိ

ရန်ကုန်လေဆိပ်ရှိ လေကြောင်းကုန်စည် သိုလှောင်ရုံသစ်အား နိုဝင်ဘာလ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး မကြာမီအချိန်အတွင်း မြန်မာ့လေကြောင်း၏ ကြီးကြပ်မှုဖြင့် ပုဂ္ဂလိကမှ နိုင်ငံတကာ လေကြောင်းကုန်စည် လုပ်ငန်းများကို စတင်တာဝန်ယူ ဆောင်ရွက်သွားရန်ရှိကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။
နိုင်ငံတကာ လေကြောင်းကုန် စည်ပို့ဆောင်မှုလုပ်ငန်းကို
ပုဂ္ဂလိကသို့ BOT  စနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုပြီးနောက် မင်္ဂလာဒုံ Servicesကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ ထို့နောက် နိုင်ငံတကာအဆင့်မီ Cargo Terminal  လုပ်ငန်း လုပ်ကိုင်ခွင့်အား ရရှိခဲ့ပြီး လေကြောင်း ကုန်စည်သိုလှောင်ရုံ (Cargo Ware House) ကို တည်ဆောက်ခဲ့ကာ နိုဝင်ဘာလ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်နိုင်ခဲ့သည်။
မင်္ဂလာဒုံ Cargo Services ကုမ္ပဏီ အနေဖြင့် ထိုင်းနိုင်ငံမှ ပညာရှင်များကို ခေါ်ယူ၍ ခေတ်မီအအေးခန်း ကုန်လှောင်ရုံ (Air Cargo Ware House)ကို ဆောက်လုပ်ခဲ့ပြီး အဆိုပါ ကုန်လှောင်ရုံတွင် ကုန်စည်များ လုံခြုံစိတ်ချရပြီး မပျက်စီး မပုပ်သိုးစေရန်အတွက် ကုန်ပစ္စည်းအလိုက် အအေးခန်းများ ထားရှိခြင်း၊ X-ray စက်ထားရှိခြင်း စသည်ဖြင့် ခေတ်မီလေကြောင်း ကုန်စည်သိုလှောင်ရုံတစ်ခုတွင် ပါရှိရမည့်အချက်များအတိုင်း တည်ဆောက်ထားကြောင်း သိရှိရပါသည်။
''Cargo Ware House  တည် ဆောက်ရာမှာ နိုင်ငံတကာလေဆိပ် တွေမှာရှိတဲ့ Cargo  Terminal တွေ လိုမျိုး တည်ဆောက်ခဲ့တာဖြစ်ပြီး Cargo Terminal Equipment တွေ ထည့်သွင်းတည်ဆောက်ခြင်း၊ ပုပ်သိုးပျက်စီးလွယ်တဲ့ ပစ္စည်းတွေ ထားရှိဖို့ အအေးခန်း၊ အန္တရာယ်ရှိ ကုန်စည်တွေထားသိုဖို့ အခန်း၊ တန်ဖိုးကြီးပစ္စည်းတွေ ထားသိုဖို့အခန်း စတာတွေကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်'' ဟု မင်္ဂလာဒုံ Cargo Services ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
''ကုန်လှောင်ရုံသစ်ဖွင့်တာနဲ့ နိုင်ငံတကာလေကြောင်း ကုန်စည်ပို့ဆောင်မှုလုပ်ငန်းကို မြန်မာ့လေကြောင်းရဲ့ကြီးကြပ်မှုနဲ့ ပုဂ္ဂလိကက ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယခုဖွင့်လှစ်ခဲ့သော မင်္ဂလာဒုံ Cargo Terminal  အနေဖြင့် Aircraft A- 320 ခုနစ်စီး Maximum Cargo အား လက်ခံဆောက်ရွက်နိုင်မည်ဖြစ်ပြီး ကုန်လှောင်ရုံ၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ သန်းခန့်ရှိကြောင်း သိရှိရပါသည်။           

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်