Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 26, 2011

ရွှေတိဂုံစေတီနှစ် (၂၆၀၀) ပြည့် ပန်းပေါင်း (၈၄၀၀၀) ပူဇော်ပွဲတွင် ကိုယ်တိုင်စိုက်ပျိုး လှူဒါန်းနိုင်











ရွှေတိဂုံ စေတီတော်နှစ် (၂၆၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ပန်းပေါင်း (၈၄၀၀၀) ပူဇော်ပွဲတွင် ပါဝင်လှူဒါန်းနိုင်ရန် အလှူရှင်များအား ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း  ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။ ရွှေတိဂုံစေတီတော် သိင်္ဂုတ္တရ ကုန်းတော်ကြီး တစ်ခုလုံးတွင် ပွဲတော် ကာလအတွင်း၌ ဖူးပွင့်ဝေဆာနေသည့်
အပွင့်ပန်းပေါင်း (၈၄၀၀၀)ဖြင့် ပူဇော်ထားမည်ဖြစ်ရာ ပန်းဝါသနာရှင်၊ ပန်းစိုက်ပျိုးသူနှင့်အတူ ပန်းအလှူရှင်များက ပါဝင်လှူဒါန်းနိုင်မည် ဖြစ်သည်။ ယင်းသို့ လှူဒါန်းရာတွင် ကိုယ်တိုင် စိုက်ပျိုးထားသည့် ပန်းပင်များကို လှူဒါန်းနိုင်သကဲ့သို့ သတ်မှတ်ထားသည့် ပန်းပင် အမျိုးအစားအလိုက် ငွေသားကိုလည်း ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ "ပွဲတော် ကာလ (၁၅) ရက်အတွင်းမှာ ပန်းပွင့်နေတဲ့ အပင်ပေါင်း (၈၄၀၀၀) ကို စိုက်ပျိုးပူဇော်သွားမှာ ဖြစ်တယ်။ ကိုယ့်အိမ်ကစိုက်တဲ့အပင်ကိုလည်း လှူနိုင်တယ်။ ဒါမှမဟုတ် ပန်းစိုက်တဲ့ ပျိုးဆိုင်တွေကနေ ဝယ်ပြီးလှူလဲရတယ်။ အပင်က တစ်ပေခွဲ ၂ ပေလောက်မြင့်တဲ့ အပင်ကိုမှ ပန်းပွင့်မဲ့ အပင်ပေါ့။ အပင်တိုင်း လှူလို့မရဘူး။ ပွဲတော်အတွင်း အပွင့်ပွင့်နေမဲ့ အပင်မျိုး ဖြစ်ရမယ်"ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ ၂၀၁၂ ဇန်နဝါရီလမှစကာ အလှူခံဌာနကို ဖွင့်လှစ်ထားမည်ဖြစ်ပြီး အလှူခံကာလကို တစ်လသတ်မှတ်ထားကြောင်း ဇန်နဝါရီလမတိုင်မီ လှူဒါန်းလိုပါက ဖုန်း ၃၇၅၇၆၇၊ ၃၇၁၀၈၉ သို့ကြိုတင်စာရင်း ပေးသွင်းထားနိုင်ကြောင်း ပျိုးပင်ဆိုင်များမှ ပန်းဝယ်လှူဒါန်း လိုသူများအတွက် တစ်ပင်လျှင်ကျပ် (၁၅၀)၊ ကျပ် (၂၀၀)၊ ကျပ် (၃၀၀) နှင့် ကျပ် (၅၀၀) နှုန်းဖြင့် စိတ်ကြိုက် လှူဒါန်းနိုင်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်သည့်နှစ် (၂၆၀၀) ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက်မှ မတ်လ (၇) ရက်နေ့ထိ (၁၅) ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Ref;YTP

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်