Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 26, 2011

ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသ တောတွင်းတစ်နေရာတွင်တရားမဝင်ကျွန်းသစ်ခွဲသားများဖမ်းဆီးမိ











နေပြည်တော်-ပျဉ်းမနားမြို့နယ် တောင်ပေါ်အရှေ့ခြမ်း ဘန့်ဘား အုပ်စုတွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ ညနေ (၅း၀၀) နာရီခန့်တွင် မိုင်တိုင်အမှတ် (၁၇/၁-၁၇/၂) ကြားတွင်  ချိန်းဆောအသုံးပြုပြီး ဖြတ်လှဲထားသည့် 
သစ်ခွဲခြမ်းနှင့်အတူ (၅"x၂") ၁၈' (၁၉) ချောင်း၊ ထု ၄" နှင့် ၅" ဗျက် ၁၂" အထက်ဆိုဒ်စုံ (၉') (၂၀) ချောင်း စုစုပေါင်း (၂) တန်ခန့်ကို တောတွင်း တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ "တရားမဝင် ကျွန်းသစ်များနှင့်အတူ အဆိုပါ ကျွန်းသစ်ခွဲသားများနှင့် သက်ဆိုင်သူ နှစ်ဦးကို ဖမ်းဆီးရမိထားပြီး ဆက်စပ်သူတွေကို ဆက်လက်ဖော်ထုတ် စစ်ဆေးနိုင်ရန်နှင့် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်" ဟု သတင်းအရ ရှာဖွေဖမ်းဆီးမှုတွင် ပါဝင်ခဲ့သူ တစ်ဦးမှ ပြောပြသည်။ အဆိုပါ သစ်ခွဲသားများအား သတင်းအရ ရှာဖွေ ဖမ်းဆီးရာတွင် ပျဉ်းမနားမြို့နယ် သစ်တောမှ တောအုပ်ကြီး ဦးသန့်ဇင် ဦးစီးသည့် အဖွဲ့ (၅) ဦးနှင့်အတူ ဘန့်ဘားအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်လင်းပါ (၅) ဦး အဖွဲ့ကို ပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ပျဉ်းမနား အရှေ့ခြမ်းတောင်ပေါ် ဒေသများတွင် သက်တမ်း ရှည်ကြာပြီဖြစ်သော အဖိုးတန်သစ်ကြီးများ ယနေ့တိုင် ပေါများလျက်ရှိပြီး လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း၊ သွားလာမှု နည်းပါးခြင်းကြောင့် သစ်ခိုးထုတ်နေသူများ အခွင်းကောင်းယူကာ မှောင်ခိုသစ်လုပ်ငန်းများကို စီးပွားရေး အကွက်မြင်သူများက ရင်းနှီးလုပ်ကိုင် လာကြခြင်းဖြစ်ကြောင်းနှင့် ကိုယ်ကျိုးအတွက် နိုင်ငံပိုင် သစ်တောများကို အသုံးပြုနေသလို သက်ဆိုင်ရာ သစ်တော ဦးစီးဌာနများမှလည်း နိုင်ငံပိုင် သစ်တောများ ပျက်စီးပြုန်းတီးမှု မရှိရေး အလေးထား ဆောင်ရွက်ကာ ထိန်းသိမ်း စောင့်ရှောက်လျက် ရှိနေကြောင်း သိရှိရသည်။
Ref;YTP

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်