Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 26, 2011

မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာ ခရီးစဉ် ပြေးဆွဲမည်


မြန်မာ့လေကြောင်းမှ နိုင်ငံတကာ ခရီးစဉ်များကို ယခုနှစ်တွင် စတင် ပြေးဆွဲတော့မည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။  “နိုင်ငံတကာ ခရီးစဉ်တွေကို ပြေးဆွဲနိုင်ဖို့အတွက်
လေယာဉ် အမျိုးအစားတွေလဲဖို့ နိုင်ငံတော် ဘဏ္ဍာရေး ခွင့်ပြုချက် တောင်းထားတယ်။ ရရင် ပြောင်းမယ်” ဟု မြန်မာ့လေကြောင်းမှ ဝါရင့် လေယာဉ်မှူးကြီး တစ်ဦးက ပြောသည်။ ထိုကဲ့သို့ နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းနိုင်ရန်အတွက် ယခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် အနေဖြင့် အောက်တိုဘာ ၁၉ ရက်နေ့မှစတင်ကာ ရန်ကုန်- မန္တလေး- ဂယာ စင်းလုံးငှား ခရီးစဉ်အဖြစ် စတင် ပြေးဆွဲနေပြီ ဖြစ်ပြီး ယခုနှစ် ခရီးသွား ရာသီအတွက် ၂၈ ခေါက် ပြေးဆွဲ ပေးသွားရန် ရှိကြောင်း ၎င်းထံမှ သိရသည်။ လတ်တလောတွင် မြန်မာ့ လေကြောင်းမှ ပြည်တွင်း ခရီးစဉ်များအား ပျံသန်း ပြေးဆွဲပေးနေသော လေယာဉ်များဖြင့် စင်းလုံးငှား ခရီးစဉ်များ၊ ဘုရားဖူး ခရီးစဉ်များနှင့် နိုင်ငံတော် ကယ်ဆယ်ရေး ခရီးစဉ်များကို ပျံသန်း ပေးသွားမည် ဖြစ်ပြီး လေယာဉ်များ လဲလှယ်ပြီးပါက ဒေသတွင်း နိုင်ငံများသို့ ခရီးစဉ်များ ပြေးဆွဲသွားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။ ၎င်းက လေယာဉ် လဲလှယ်ရခြင်းနှင့် ပတ်သက်၍ “ပြည်တွင်း ခရီးစဉ်တွေ ဆွဲပေးနေတဲ့ လေယာဉ်တွေက နိုင်ငံတကာကို ခရီးစဉ် ပြေးဆွဲလို့ မရဘူး။ အဲဒါကြောင့် အဲဘတ်စ် လေယာဉ်တွေနဲ့ လဲရမှာ” ဟု ပြောသည်။

လတ်တလောတွင် မြန်မာ့လေကြောင်းမှ F 28 လေယာဉ် ၃ စင်း၊ ART လေယာဉ် ၃ စင်း၊ MA 60 လေယာဉ် ၃ စင်း စုစုပေါင်း ၉ စင်းဖြင့် ခရီးစဉ်များကို ပြေးဆွဲနေကြောင်း ၎င်းထံမှ သိရသည်။ မြန်မာ့ လေကြောင်းသည် ပြည်ပခရီးစဉ် ပျံသန်းမှုကို ၁၉၉၃ ခုနှစ်မှ စတင် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပြီး အဆိုပါ ခုနှစ်တွင် MAI လေကြောင်းလိုင်းအား နိုင်ငံတကာ ခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း လေကြောင်း အသိုင်းအဝိုင်းမှ သိရသည်။ ယင်းကဲ့သို့ ပြည်ပခရီးစဉ် ပျံသန်းမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာ့ လေကြောင်းတွင် တာဝန် ထမ်းဆောင်လျက် ရှိသော လေယာဉ်မှူးကြီးများမှာ ပြည်ပခရီးစဉ်များကို ပျံသန်းရန် နိုင်ငံတကာ အတွေ့အကြုံ မရှိတော့သလို မြန်မာ့ လေကြောင်းရှိ အထွေထွေ ဝန်ထမ်းများမှာလည်း နိုင်ငံတကာ အတွေ့အကြုံ မရှိသကဲ့သို့ ဖြစ်နေပြီး ခေတ်နောက်ကျ ကျန်နေခဲ့ရကြောင်း လေယာဉ်မှူးကြီး တစ်ဦးက သူ၏အမြင်ကို ပြောသည်။ “မြန်မာ့လေကြောင်းက ဝန်ထမ်းတွေကို နိုင်ငံတကာ အတွေ့အကြုံရအောင် ပြန်လုပ်ရမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာ ခရီးစဉ်များကို ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်းမှာ MAI လေကြောင်းလိုင်း တစ်ခုတည်းသာ ရှိနေပြီး မြန်မာ့ လေကြောင်းမှ နိုင်ငံတကာသို့ ပျံသန်းမည် ဆိုပါက နိုင်ငံတကာသို့ ပျံသန်းသည့် လေကြောင်းလိုင်း ၂ ခု ဖြစ်လာမည် ဖြစ်သည်။

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်