Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 26, 2011

ကားသစ်အတွက် လမ်းအသစ်တွေ အဆင်သင့် မဖြစ်သေး













(ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းဆုံ မီးပွိုင့်တွင် ပွိုင့်မိနေသည့် ကားများ Happy World ရှေ့ရောက်သည်အထိ တန်းစီနေရစဉ်)

ကားဟောင်းလဲလှယ်ရေး အစီအစဉ်ဖြင့် တင်သွင်းလာမည့် ကားအရေအတွက်၊ နိုင်ငံခြားငွေ ရှာဖွေ အခွန်ထမ်းသူများ တင်သွင်းလာမည့် ကားအရေအတွက်နှင့် လက်ရှိ ရှိနှင့်ပြီး ကား အရေအတွက်အရ ဆိုသော် အဆိုပါ ကားများဖြင့်ကိုက်ညီမည့် လမ်းများ အသင့်ရှိမနေသေးကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
“ကားဟောင်းလဲမှာက အစီး ရေ ၅၀၀၀၀ နဲ့အထက်ရှိတယ်။ အဲဒီမှာ တစ်ကယ်လဲဖြစ်မှာက
အစီး ရေ ၃၅၀၀၀ လောက် အနည်းဆုံး ရှိနိုင်တယ်။ နောက်ထပ်စာရင်းမှာ ထည့်တွက်မထားတဲ့ လိုင်စင်မ၀င်ဘဲ ထားတဲ့ ကားဟောင်းကလည်း အစီးရေ ၁၀၀၀၀ လောက်ထိ ထွက်လာနိုင်သေးတယ်။ လုပ်ငန်းရှင်နဲ့ သင်္ဘောသား အပါအ၀င် နိုင်ငံခြားမှာအလုပ် သွားလုပ်နေတဲ့ နိုင်ငံသားတွေကို တင်သွင်းခွင့်ပေးလာမှာက အစီးရေ ၁၀၀၀၀ လောက်ထိရှိလာနိုင်တယ်။ အဲဒါဆိုရင် အစီးရေ ၅၅၀၀၀  လောက် လမ်းပေါ် ထပ်ရောက်လာမယ်။ အထူးသဖြင့် ရန်ကုန်နဲ့မန္တလေး လမ်းတွေပေါ်မှာ အများဆုံး အသုံးပြုကြမှာဖြစ်လို့ ရန်ကုန်နဲ့ မန္တလေးကတော့ အရင်ကထက် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်လာမှာပဲ။ ဒါတင်မကသေးဘူး လိုင်စင်မဲ့ကားတွေကလည်း မြန်မာနိုင်ငံလမ်းတွေပေါ်မှာ အစီးရေ အများကြီး သွားနေကြသေးတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်ကြောပိတ်ဆို့မှုက နေရာအတော်များများမှာ ဖြစ်ပေါ်နေသလို ကားပါကင်ပြဿနာကိုလည်း ရင်ဆိုင်နေရပြီ။ ဒီလမ်း ပြဿနာကို အရင်ဖြေရှင်းရမယ်လို့ ထင်ပါတယ်”ဟု သွင်းကုန်လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။












(ရန်ကုန်မြို့ဘုရင့်နောင် လမ်းမပေါ်ရှိ လမ်းပေါက်များ ပြုပြင်နေသည်ကို နိုဝင်ဘာလ ၁၉ ရက်နေ့ကတွေ့ရစဉ်)

ရှိနှင့်ပြီး လမ်းများထဲမှပင် ပျက်စီးမှု များပြားနေသော လမ်းများနှင့် ယာဉ်သွားလာမှု များပြားသော လမ်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြန်လည်ပြုပြင် ခင်းကျင်းရာတွင်လည်း အကန့်အသတ်ဖြင့်သာ ပြုလုပ်နိုင်ကြောင်း၊ ပျက်စီးနေသော လမ်းအပိုင်းများအား လမ်းပေါက်ဖာရာတွင်လည်း တစ်နေရာ ပျက်စီး၍ဖာနေသည့် ကာလတွင် နောက်ထပ် တစ်နေရာမှာလည်း ထပ်မံပျက်စီးနေခြင်းကြောင့် ပြုပြင်ရမည့်အပိုင်းများ များပြားနေကြောင်း သိရသည်။
“အခုရန်ကုန်မြို့က ပျက်စီးမှုများတဲ့ လမ်းတွေကို ပြန်ခင်းနေပါတယ်။ ကျန်တာကတော့ ကမ္ဘာအေး ဘုရားလမ်းကို နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာပြန်ခင်းတာပါ။ လမ်းပေါက်ဖာတာကိုတော့ တစ်မြို့လုံးနီး ပါးမှာ လုပ်ဖြစ်နေပါတယ်။ အရင်က ရန်ကုန်မြို့ရဲ့ လမ်း၊ တံတားဆိုင်ရာ ကိစ္စရပ်တွေက မြို့တော်စည်ပင် ဘတ်ဂျက်ကနေ သုံးစွဲတာပါ။ အခုအစိုးရသစ် လက်ထက်မှာတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ဘတ်ဂျတ်အောက်မှာ ခွဲဝေသုံးစွဲရတာဆိုတော့ အကန့်အသတ်တစ်ခု ဖြစ်နေတာပေါ့။ ရန်ကုန်မြို့မှာ တိုးလာတဲ့ယာဉ်တွေ အများကြီးကြောင့် လမ်းပိတ်ဆို့မှုတွေ ရှိနေတဲ့အတွက် လမ်းတွေထပ်ချဲ့ဖို့အတွက်ကို စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် လမ်းတွေက ဒီထက်ပိုပြီး ချဲဖို့အတွက်မရနိုင်တဲ့ အနေအထားပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ကားနှင့် ကိုက်ညီသည့် လမ်းအနေအထား အသင့်မရှိမှုကြောင့် ကားတင်သွင်းခြင်း ဆိုင်ရာများကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုနေသည့် အနေအထား ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ၀ယ်နိုင်အားနှင့်ဆိုပါက ကိုက်ညီသည့် လမ်းသစ်များ ဖော်ဆောင်နိုင်မှသာ လွတ်လပ်စွာကား တင်သွင်းခွင့် ပေးနိုင်မည့်အခြေအနေ ရောက်ရှိလာနိုင်ကြောင်း၊  သို့မှသာ လမ်းနှင့်ကား ကိုက်ညီသည့် လမ်းကြောင်းမှန်သို့ ရောက်ရှိမည် ဖြစ်ကြောင်းလည်း လေ့လာသူများ၊ လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
“မြန်မာနိုင်ငံရဲ့လက်ရှိကား ၀ယ်နိုင်စွမ်းအားက ၂၀၀၈၊ ၂၀၀၉ တုန်းကလို မတန်တဆ အမြင့်ဈေးနဲ့တောင် တစ်နှစ်ကိုအစီးရေ ၃၀၀၀၀၊ ၄၀၀၀၀ လောက် မှတ်ပုံတင် နေတာ။ အခုလို ဈေးနိမ့်နဲ့ဖြစ်မယ် ရဲရဲတင်းတင်းနဲ့ ဖွင့်ပေးလိုက်မယ်ဆိုရင် အစီးရေ တစ်သိန်းဝန်းကျင်အထိ ၀ယ်နိုင်ကြလိမ့်မယ်။ လမ်းအသင့် မဖြစ်သေးပဲ ကားတွေအရင် ၀င်လာမယ်ဆိုရင်တော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကားပါကင်ပြဿနာကတော့ အခုထက် အဆပေါင်းများစွာ ပိုကြုံရမှာပါ။ အခုတောင်မှ ရွှေဂုံတိုင်၊ လှည်းတန်း၊ ဘုရင့်နောင်မီးပွိုင့်တွေကို ဖြတ်သန်းသွားလာရဖို့ တော်တော် ကြောက်နေကြတာ။ လမ်းလုပ်ဖို့ ဆိုတာကလည်း အခုကြားနေရတာ က လမ်းအဟောင်းပြင်ဖို့တောင် ဘတ်ဂျက်မရှိဘူးတဲ့။ ကိုယ့်တိုင်း ဒေသကြီးဘတ်ဂျက်ထဲက ကိုယ်ပြန် သုံးရမယ်လို့ကြားရတယ်။  ဒီတော့ ဂုံးကျော်တံတား ဆောက်ဖို့ဆိုတာ ကလည်း အခုမှစမ်းသပ်တဲ့ အဆင့်ပဲ ရှိသေးသလို မိုးပျံတံတားဆို ဆောက်ဖြစ်ဖို့ တော်တော်ခက်မယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်ရင်တောင် အနည်းဆုံး အချိန်က နောက်ထပ် နှစ်နှစ်လောက် ယူကြရဦးမယ် ထင်ပါတယ်။ အဲဒီလိုပြင်ဆင်ပြီးမှပဲကား Show Room တို့ လွတ်လပ်စွာ တင်သွင်းခွင့်တို့ ပေါ်လာလိမ့်မယ် လို့ သုံးသပ်ထားတယ်။ လမ်းပြဿနာကို အရင်ရှင်းမှာဖြစ်လို့လည်း အခုလိုကားတွေကို အကန့်အသတ်နဲ့ တင်သွင်းခွင့် ပေးနေတာလို့ ထင်တယ်။ တစ်ဖက်က လမ်းပြဿနာကို ရှင်းရင်းတစ်ဖက်က လမ်းနဲ့ကိုက်မယ့်ကားတွေ တင်သွင်းခွင့်ပေးတာ ပိုကောင်းမယ်လို့ ယူဆပါတယ်။ လမ်းတွေရှိပြီး ကားတင်သွင်းခွင့် ကန့်သတ်ထားရင်တော့ မတရားသလို၊ လမ်းမရှိဘဲနဲ့ လွတ်လပ်စွာ ကားတင်သွင်းခွင့် ပေးရင်လည်း နေ့စဉ်ကားသုံးရတဲ့ အများပြည်သူ အတွက် ဒုက္ခဖြစ်ရတာ ပိုများကြဦးမယ်။ ဒါပေမယ့် လမ်းတွေကိုတော့ အခုကတည်းက သေချာပြင်ဆင်ဖို့လိုပါပြီ”ဟု သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။
“အနည်းဆုံး နှစ်နှစ်လောက် အချိန်ယူပြင်ဆင်ရမယ့် လမ်းအနေအထားကြောင့် ကားသစ်တွေတင် သွင်းရောင်းချပေးမယ့် Show Room တို့ လွတ်လပ်စွာ တင်သွင်းခွင့်တို့ဆိုတာလည်း ချက်ခြင်းခွင့်ပြုပေးမှာ မဟုတ်သေးဘူးလို့ မြင်တယ်။ အခု ခွင့်ပြုပေးထားတဲ့ အနေအထားကြောင့် လည်း ကားဈေးကတော့ကျလာ တယ်။ ဒါပေမယ့် ထပ်ကျလို့မရ တော့တဲ့ အနေအထားရောက်သွား ရင်တော့ အဲဒီဈေးမှာပဲရှိနေမှာပါ။ အခုဆိုတင်သွင်းတဲ့ဈေး၊ ဆောင်ရတဲ့ အခွန်နဲ့ ကားဟောင်းဝယ်တဲ့တန်ဖိုး အားလုံးပေါင်းလိုက်ရင် ကား တစ်စီးရဲ့ နောက်ဆုံးဈေး၊ ထပ်ကျ စရာမရှိတော့တဲ့ ဈေးရင်းကိုရောက် နေပြီ။ ကားဈေးနှုန်းက အခု သုံးမျိုးပဲရှိတော့မယ်။ ကားဟောင်းလဲတဲ့သူတွေ တင်သွင်းတဲ့ကားဈေး က စင်တာမှာဝယ်မယ့် 1998, 1999 Mark II  အပါအ၀င် ကားတွေဆို ကျပ်သိန်း ၂၀၀ နဲ့ ၂၅၀ ကြားမှာပဲ ရှိမယ်။  ဂျပန်မှာ လေလံဆွဲပြီး တင် သွင်းလာတဲ့ Mark II 2002, Surf   လို Grade   မြင့်တဲ့ကားတွေကတော့ ကျပ်သိန်း ၃၀၀ နဲ့ ၄၀၀ ကြားမှာ ရှိမယ်။ သင်္ဘောသားနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေ သွင်းလာမယ့်ကားဈေးက ကျပ်သိန်း ၅၀၀ နဲ့ ၁၀၀၀ကြားမှာရှိမယ်။ လုပ်ငန်းရှင်တွေ အသစ်သွင်းမယ့် အင်ဂျင်ပါဝါ မြင့်တဲ့ကားတွေကတော့ ကျပ် သိန်း ၁၀၀၀ နဲ့ ၂၀၀၀ ကြားမှာပဲ ရှိမှာပါ။ အခုမြန်မာနိုင်ငံကို လုပ်ငန်းရှင်တွေ တင်သွင်းမယ့် ကားသစ်ဈေးတွေက ထိုင်းနိုင်ငံက ကားသစ် ဈေးနဲ့ အရမ်းမကွာတဲ့ အနေအထား ရောက်သွားမှာပါ။ ဥပမာ ခရီးသွား လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ တင်သွင်းလာမယ့် တန်ဖိုးအရမ်းမမြင့်တဲ့ ကားသစ်ထဲကဆိုရင် နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာ ၃၂၀၀၀ ၀န်းကျင်နဲ့ ရောင်းတဲ့ Lexus CT 200h Hybrid  ကိုထိုင်းနိုင်ငံမှာ ဘတ်နှစ်သန်း နဲ့ ဈေးစဖွင့်ခဲ့တယ်။ အမေရိကန် ဒေါ်လာ ၆၅၀၀၀ နီးပါးရှိတဲ့အတွက် ကျပ်သိန်း ၅၂၀ ၀န်းကျင်ကျမယ်။ ဒါက အခွန်အပြည့်အ၀ မဆောင်ရသေးတဲ့ ဈေး။ စင်ကာပူမှာကျတော့ အဲဒီ Lexus CT 200h Hybrid  ကို စင်ကာပူဒေါ်လာ ၁၉၉၀၀၀ နဲ့ရောင်းတယ်။ ဒါက COE အတွက် ကျသင့်ငွေပဲ ပါသေးတယ်။ အာမခံအတွက် မပါသေးဘူး။ ကျပ်သိန်း ၁၂၀၀၀ ကျော် ကျသင့်တယ်။ စင်ကာပူက ကားဈေးနဲ့ ထိုင်းဈေးက နှစ်ဆလောက် ကွာတယ်။ အဲဒီ Lexus CT 200h Hybrid ကို အခု မြန်မာကို တင်သွင်းမယ်ဆိုရင် ကား ရဲ့ CIF ဈေးက ၃၄၀၀၀ လောက်ရှိမယ်။ အခွန် ၁၆၅ ရာခိုင်နှုန်း ထည့်ပေါင်းရင် အမေရိကန်ဒေါ်လာ ၉၀၀၀၀ ကျော်လောက် ကျမယ်။ ကျပ်သိန်း ၇၂၀ လောက်ပဲရှိမှာပေါ့။ အင်ဂျင်ပါဝါ မြင့်တဲ့ကားတွေ ဖြစ်တဲ့ Lexus LX 570  ဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်း ၁၅၀၀ ၀န်းကျင်လောက် ရှိတယ်။ အခွန်တွေပါရင်ပေါ့။ မြန်မာကိုတင်သွင်း ရင် အခွန် ၁၆၅ ရာခိုင်နှုန်း အပါအ၀င် ကျပ်သိန်း ၁၇၀၀ ကျော်လောက် ကျနိုင်တယ်။ အဲဒီအတွက် အင်ဂျင်ပါဝါမြင့်တဲ့ ကားတွေကကျပ် သိန်း ၁၀၀၀ ကနေ ၂၀၀၀ ကြားမှာတော့ ရှိနေဦးမယ်လို့ ပြောရတာပါ” ဟု ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
Ref;Eleven Medi Group

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်