Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 26, 2011

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် မီးလောင်မှုအကြိမ်ရေ မြင့်တက်လာပြီး လျှပ်စစ်ကြောင့် မီးလောင်မှုနှင့် ကားမီးလောင်မှုများ အများဆုံးဖြစ်ပွားနေကြောင်း ထုတ်ပြန်













(ရွှေဂုံတိုင်တာဝါတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်က မီးလောင်မှု ဖြစ်ပွားစဉ်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် မီးလောင်မှုအကြိမ်ရေမှာ ပြီးခဲ့သည့်နှစ်ထက် မြင့်တက်လာပြီး လျှပ်စစ်ကြောင့် မီးလောင်မှုနှင့် ကားမီးလောင်မှုဖြစ်စဉ်များမှာ အများဆုံးဖြစ်နေကြောင်း
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးမှာ စီးပွားရေးမြို့တော်ဖြစ်သောကြောင့် မီးသုံးစွဲမှုပမာဏ မြင့်တက်နေပြီး မီးသုံးစွဲမှုများပြားသည့်အတွက် မီးလောင်မှုအကြိမ်ရေလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းအထဲတွင် လျှပ်စစ်ကြောင့်ဖြစ်ပွားသော နေအိမ်များအတွင်း မီးလောင်မှုနှင့် ကားမီးလောင်မှုများမှာ အများဆုံးဖြစ်ပြီး မီးလောင်မှုများမှာ ပြီးခဲ့သည့် မိုးရာသီကာလကတည်းက မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
''ရန်ကုန်တိုင်းဒေသကြီးဟာ တစ်နိုင်ငံလုံး မီးသုံးစွဲတဲ့ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို သုံးနေတာဆိုတော့ မီးသုံးစွဲမှုများပြားနေတယ်။  ဒါကြောင့် မီးလောင်မှု အကြိမ်ရေများတယ်။ အရင်နှစ်တွေထက်ကို ဒီနှစ်မှာ မီးလောင်မှု အကြိမ်ရေ ပိုများလာတယ်။ အရင်နှစ်က မိုးတွင်းဆိုရင် မီးလောင်မှုနည်းခဲ့တာ။ မှတ်မှတ်ရရ ဒီနှစ်မှာ မိုးတွင်းကာလကတည်းက မီးလောင်တဲ့အကြိမ်ရေက များခဲ့တယ်။ အခုပွင့်လင်းရာသီမှာဆိုရင် ပိုများတာပေါ့'' ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လျပ်စစ်ကြောင့် မီးလောင်မှု ဖြစ်စဉ်များတွင် လျပ်စစ်ဓာတ်အား များကို ခံနိုင်အားထက် ပိုမိုသုံးစွဲခြင်း ကြောင့် ရှော့ဖြစ်ကာမီးလောင်ခြင်း၊ မီးအားမြှင့်စက်နှင့်  Safeguard တွေကို သက်တမ်းကြာရှည်စွာ သုံးစွဲခြင်းကြောင့် ကွဲအက်ကာ မီးလောင်မှု ဖြစ်ပွားခြင်းများ ပါဝင်ကြောင်း၊ Aircon  မှ ကိုယ်တိုင် မီးလောင်ခြင်း၊ Aircon ပလပ်ပေါက်ထိုးထားသော မီးပလပ်ပေါက်ခုံမှ မီးလောင်ခြင်းများလည်းရှိနေကြောင်း သိရှိရသည်။
ထို့ပြင်ကားမီးလောင်မှုဖြစ်စဉ် များမှာလည်း ပိုမိုဖြစ်ပွားလာပြီး နို ၀င်ဘာလဆန်းပိုင်းအတွင်း ကားမီး လောင်မှုစုစုပေါင်း လေးကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ကားများတွင်ဝါ ယာရှော့ဖြစ်ခြင်းအပြင်ရာသီဥတုပူ ခြင်းကြောင့် အင်ဂျင်အပူလွန်ကဲကာ မီးလောင်မှုများရှိခဲ့သည်။  ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ ၁၂ လ တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု စုစုပေါင်း ၁၃၁ ကြိမ်သာ ဖြစ်ပွားခဲ့ သော်လည်း ယခုနှစ်တွင် ဇန်န၀ါရီမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မီးလောင်မှု စုစုပေါင်း ၁၃၇ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ နှစ်စဉ်မီးလောင်မှုအများဆုံး တိုင်းဒေသကြီး ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ မီးလောင်မှုအကြိမ်ရေ များပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြိုတင်ကာကွယ်မှုလုပ်ငန်းများ၊ မီးဘေးသတိရှိရန် နှိုးဆော်ခြင်းများကို အပတ်စဉ် စီမံချက်ရေးဆွဲကာ ဇုန် ၁၀ ခုခွဲကာ ပြုလုပ် လျှက်ရှိသည်။
Ref;Eleven Media Group

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်