Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Sunday, November 27, 2011

ခြေနင်းပါရှိသည့် လျှပ်စစ်စက်ဘီးများသာ အနှေးယာဉ်စာရင်းဝင်ပြီး ကျန်လျှပ်စစ်စက်ဘီးများ စက်တပ်ယာဉ်အဖြစ် မှတ်ပုံတင်ရဖွယ်ရှိနေ

ရန်ကုန်မြို့ မြို့ပတ်မြို့နယ်များတွင် အသုံးပြုနေသည့် လျှပ်စစ်စက်ဘီးများနှင့်ပတ်သက်၍ ခြေနင်းပါရှိသည့် လျှပ်စစ်စက်ဘီးများကိုသာ အနှေးယာဉ်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ရန်ကုန်မြို့တော်အတွင်း အနှေးယာဉ် မ၀င်ရလမ်းမကြီးများအပ ကျန်လမ်းမကြီးများတွင် စီးနင်း သွားလာမှုကို ခွင့်ပြုပေးသွားမည်ဖြစ်သော်လည်း ခြေနင်းမပါရှိသည့် လျှပ်စစ်စက်ဘီးများကို စက်တပ်ယာဉ်အဖြစ် သတ်မှတ်ကာ
မှတ်ပုံတင်ပေးသွားရန် အစီအစဉ်များရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ စုံစမ်းသိရှိရပါသည်။
''အခုရန်ကုန်မြို့တော်ရဲ့ မြို့ပတ်မြို့နယ်တွေဖြစ်တဲ့ အင်းစိန်မြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံလို မြို့နယ်တွေမှာ အသုံးပြုနေတဲ့ လျှပ်စစ်စက်ဘီးတွေမှာ အမျိုးအစား အားဖြင့် နှစ်မျိုးတင်သွင်းထားတာ တွေ့ရပါတယ်။ တစ်မျိုးက မော်တာနဲ့မောင်းနှင်လို့ ရသလို ခြေနင်းနဲ့လည်း စီးနင်းသွားလာလို့ရတယ်။ နောက်တစ်မျိုးကတော့ မော်တာစနစ်နဲ့ မောင်းနှင် သွားလာရတဲ့ ပုံစံဖြစ်ပါတယ်။ မော်တာစနစ်နဲ့ မောင်းနှင်သွားလာလို့ရတဲ့ အမျိုးအစားကိုတော့ အနှေးယာဉ်အနေနဲ့ သတ်မှတ်လို့ရမှာ မဟုတ် တော့တဲ့အတွက် လျှပ်စစ်စွမ်းအင်သုံး စက်တပ်ယာဉ် ဖြစ်သွားပါပြီ။  စက်တပ်ယာဉ်အနေနဲ့ မှတ်ပုံတင်ရမယ့် အနေအထားမျိုး ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လျှပ်စစ်စွမ်းအားဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၂၀ ခန့်အထိ သွားလာနိုင်သည့်  လျှပ်စစ်စက်ဘီးမျိုးကို စက်တပ်ယာဉ်အဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ အမြန်နှုန်းမျိုးဖြင့် မောင်းနှင်သွားလာမှုမှတစ်ဆင့် မတော်တဆမှု ဖြစ်ပွားရန်မှာ ခြေနင်းပါရှိသည့် လျှပ်စစ် စက်ဘီးများထက် ဖြစ်နိုင်ချေပိုများကြောင်း လေ့လာသူများက ဆိုပါသည်။
ဈေးကွက်အတွင်းတွင် တရုတ် နိုင်ငံမှ ၀င်ရောက်နေသည့် လျှပ်စစ်စက်ဘီးအမျိုးအစား မျိုးစုံရှိနေပြီး ခြေနင်းပါရှိသည့် လျှပ်စစ်စက်ဘီးများမှာ ကျပ်သုံးသိန်းခွဲ၊ လေးသိန်းဝန်းကျင်အထိရှိပြီး ခြေနင်းမပါ ရှိသည့် လျှပ်စစ်ဆိုင်ကယ်များမှာ ကျပ်ခြောက်သိန်းအထိ ဈေးရှိကြောင်း သိရသည်။

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်