Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 26, 2011

ကတ္တရာနှင့် ကျောက်မပါဘဲ လမ်းခင်းသည့်စနစ် မြန်မာတွင် ပထမဆုံး စတင် စမ်းသပ်မည်











ကတ္တရာ၊ ကျောက်များမပါဘဲ လမ်းခင်းသည့် စနစ်ဖြစ်သော Road Paverasia နည်းပညာဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်နိုင်ရန် မြေသားစမ်းသပ်မှု ပြုလုပ်မည်ဖြစ်ကြောင်း  ယင်းနည်းပညာကို အသုံးပြုမည့် မလေးရှားနိုင်ငံ MOCOM Corporation Group မှ ၉-၁၁-၂၀၁၁ ရက်က သိရသည်။ ယင်းနည်းပညာမှာ သြစတြေးလျ
နည်းပညာဖြစ်ပြီး မြေကိုဆွ၍ ရေနှင့်ဖျန်းကာ ဆေးရည်ဖြင့် မြေကြီးကို ရောစပ်မျှတမှုပြုပြီး လမ်းကြိတ်စက်များ အသုံးပြု ခင်းသောနည်း ဖြစ်ကြောင်း၊ လမ်းခင်းပြီး နာရီဝက်အတွင်း မောင်း၍ရကြောင်း၊ ခင်းပြီးသား လမ်းသားများ အလွန်မာကြောသွားကြောင်း သိရသည်။ “အခု အဲဒီနည်းပညာအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနဲ့ ဆွေးနွေးပြီးပြီ။ မြေသားစမ်းသပ်မှုကို လုပ်ဖို့ တွံတေးကွမ်းခြံကုန်းက မြေအမျိုးအစားကို မလေးရှားကို နမူနာ ပို့မှာပါ” ဟု အဆိုပါ ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံက ပြောသည်။
 
အဆိုပါ နည်းစနစ်ဖြင့် ကွန်ကရစ်လမ်းပေါ်တွင်လည်း ထပ်ပိုးလွှာခင်း၍ ရကြောင်း၊ Green Technology ဖြစ်၍ ပတ်ဝန်းကျင်ထိခိုက်မှု မရှိကြောင်း၊ လုပ်အားခ သက်သာကြောင်း သိရသည်။ “လမ်းမိုင် တစ်မိုင်ကို ကတ္တရာခင်းရင် ကုန်ကျတဲ့ငွေထက် ဒီနည်းပညာနဲ့ ခင်းရင် ၁၀ ပုံ ၁ ပုံပဲ ကုန်တယ်။ ဖုန်မထဘူး။ သံထည်လို မာနေတယ်။ နိုင်ငံတကာမှာတော့ လေယာဉ်ကွင်း ပြေးလမ်းတွေ၊ စက်မှုဇုန်တွေ၊ မြို့သစ်တွေ စတာတွေမှာ ဒီနည်းနဲ့ပဲ ခင်းပါတယ်” ဟု ယင်းက ရှင်းပြသည်။ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံကို နည်းပညာ အခမဲ့ပေးမည်ဖြစ်ကာ မြေဖြင့်ရောစပ်ရသော ဆေးရည်ကို ရောင်းချပေးမည်ဟု သိရသည်။                

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်