၅ သိန်းတန် CDMA ဖုန်းများ မြန်မာ့ဆက်သွယ်ရေးရုံးများတွင်
ပြန်လည်လျှောက်ထား ဝယ်ယူရတော့မည် ဖြစ်ကြောင်း မိုဘိုင်းဖုန်း
အရောင်းဆိုင်များမှ သိရသည်။
အဆိုပါ CDMA ဖုန်းများမှာ ယခင်က မြန်မာ့ဆက်သွယ်ရေးတွင်
လျှောက်ထားရပြီး ငှားရမ်းသုံးစွဲမှု ခေတ္တရပ်ဆိုင်းပြီးနောက် ပြန်လည်ချထားပေးသည့်အချိန်တွင် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် နေချင်းပြီး အမည်ပေါက် ဝယ်ယူနိုင်သော်လည်း လက်ရှိတွင် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူနိုငတော့မည် မဟုတ်ကြောင်း သိရသည်။ “နိုဝင်ဘာလ ဒုတိယ အပတ်ကစပြီး ဖုန်းကတ်တွေ ပြတ်လပ်ကုန်တာပါ။ ကုမ္ပဏီကို ထပ်မှာတော့ မြန်မာ့ဆက်သွယ်ရေးမှာပဲ ပြန်လျှောက်ရတော့မယ်လို့ ပြောတယ်။ လက်ရှိတော့ GSM ဖုန်းတစ်မျိုးပဲ နေချင်းပြီး (One Stop Service) နဲ့ရောင်းချနေပါတယ်”ဟု Mr.Phone မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ CDMA ဖုန်းများမှာ ပြန်လည်ချထားပေးစဉ် ကာလတွင် နေ့ချင်းပြီး ဝယ်ယူနိုင်သည့်အတွက်ကြောင့် ရောင်းချမှုနှုန်းမှာ တစ်နေ့လျှင် အနည်းဆုံး ၅ လုံးခန့်အထိ ရောင်းချနေရပြီး လက်ရှိတွင် မိုဘိုင်းဖုန်းဆိုင် အများစုတွင် ဝယ်ယူနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ “၅ သိန်း GSM ထက်အနည်းငယ် ပိုရောင်းရပါတယ်။ CDMA ဖုန်းထဲမှာ 800 MHz ကပိုရောင်းရတယ်။ အင်တာနက် လျှောက်ထားလို့ ရတာလည်း ပါတာပေါ့။ အဓိကကတော့ လိုင်းဆွဲအားကောင်းလို့ ပိုမိုဝယ်ယူကြတာ များပါတယ်”ဟု လသာမြို့နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ CDMA 800 MHz ဖုန်းများသုံးစွဲမှု မြင့်မားလာခြင်းမှာ ယခင်
သယ်ဆောင် အသုံးပြုနိုင်သည့် မြို့ကြီးများထက် နယ်မြေပိုမို
သုံးစွဲလာသည့်အတွက်ကြောင့် ဖုန်းကတ်ရောင်းချရမှု မြင့်မားလာသည့်အပြင်
ဟန်းဆက်ရောင်းအားမှာလည်း မြင့်တက်လာကြောင်း သိရသည်။ “CDMA ဖုန်းတွေ
နေ့ချင်းပြီး ရောင်းချနေရတဲ့ ကာလမှာတော့ ဆိုင်ရဲ့ရောင်းအား ၇၅
ရာခိုင်နှုန်းလောက်အထိ တက်လာပါတယ်။ GSM ဖုန်းလို အရင်ကတ်ဖုန်းသုံးတဲ့
ဟန်းဆက်နဲ့ ပြန်သုံးလို့ မရတော့ ဟန်းဆက်ရောင်းအား တက်ခဲ့တာပါ။ အခု CDMA
ဖုန်းရောင်းလို့ မရတော့ဘူးဆိုတော့ ဟန်းဆက်ရောင်းအား အနည်းငယ် ပြန်ကျမှာပါ”
ဟု ပုဇွန်တောင်မြို့နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။ အဆိုပါ CDMA ဖုန်းများ မိုဘိုင်း ဖုန်းဆိုင်များတွင်
နေ့ချင်းပြီး ဝယ်ယူခွင့်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလဆန်းတွင်
ခွင့်ပြုခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မိုဘိုင်းဖုန်း အချို့မှာ
ဖုန်းသုံးစွဲမှု မြင့်လာရေးနှင့် ဟန်းဆက်ရောင်းအား တိုးတက်လာရေးအတွက်
မိုဘိုင်းဖုန်းကတ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလာကြကြောင်း သိရသည်။
CDMA ဖုန်းကတ်များကို ယခင်က ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ဖြစ်သည့် Asia Mega Link
ESifh Elite Tech ကုမ္ပဏီတို့မှ ဝယ်ယူရသော်လည်း လက်ရှိတွင် ရတနာပုံ
တယ်လီပို့ ကုမ္ပဏီကသာ ထုတ်လုပ်ဖြန့်ချိနေကြောင်း သိရသည်။
Ref;YTP
No comments:
Post a Comment