Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 26, 2011

Samsung Galaxy Note










Samsung ကနေ အသစ်ထပ်မံဝင်ရောက်လာခဲ့တဲ့ ဖုန်းအမျိုးအစားသစ်တစ်ခုဖြစ်ပါတယ်။ Galaxy SII ရဲ့နောက်မှာ ဈေးကွက်ထဲကို အသစ်ထပ်မံဝင်ရောက်တဲ့ဖုန်းပါပဲ။ အရည်အသွေးကောင်းမွန်ပြီး အသုံးပြုနိုင်မှု ပုံစံစနစ်တွေနဲ့ အရွယ်အစားကောင်းမွန်တဲ့ဖုန်းပါ။ GSM ဖုန်းအမျိုးအစားဖြစ်ပြီး
2G, 3G ကွန်ရက်နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Touch Screen ဖုန်းအမျိုးအစားဖြစ်ပြီး အရွယ်အစားကတော့ ၅.၃ လက်မရှိတဲ့အတွက် Galaxy SII ထက် အရွယ်အစားအနည်းငယ်ပိုပြီး ကြီးမားပါတယ်။ မြင်ကွင်းတွေကောင်းမွန်ပြီး Super AMOLED Screen နဲ့ Gaorilla Galass Display ကို အသုံးပြုပေးထားတဲ့အတွက် Screen အရောင်အသွေး Color စနစ်ပိုင်းမှာရော အကြမ်းခံမှုအပိုင်းအတွက်ပါ ကောင်းမွန်တယ်လို့ဆိုရမယ့်ဖုန်းပါပဲ။ Capacitive Touch Screen ကို အသုံးပြုပေးထားတဲ့အတွက် Touch စနစ်ပိုင်းတွေမှာလည်း ချောမွေ့ကောင်းမွန်တာကို တွေ့ရပါတယ်။ ဖုန်းတွင်းမှတ်ဉာဏ်စနစ်ပိုင်းအနေနဲ့ Internal Memory 16GB နဲ့ 32GB နှစ်မျိုးထွက်ရှိပြီး 1GB RAM ပါဝင်ပါတယ်။ နောက်ထပ်မှတ်ဉာဏ်ထပ်တိုးအသုံးပြုဖို့အတွက်တော့ Micro SD Card 32GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။ ဖုန်းထဲမှာ 2GB Card ပါဝင်ပါသေးတယ်။ Android OS Version 2.3 Gingerbread ကိုအသုံးပြုပေးထားပြီး CPU ကတော့ Dual-core 1.4GHz ARM Cortex-A9 processor, Mali-400MP GPU, Exynos chipset ကို အသုံးပြုပေးထားတဲ့အတွက် ဖုန်းတွင်းလုပ်ဆောင်ချက်စနစ်ပိုင်းတွေမှာရော ဂရပ်ဖစ်စနစ်ပိုင်းအတွက်ပါ ကောင်းမွန်တယ်လို့ဆိုပါတယ်။ Music ပိုင်း Multimedia စနစ်ပိုင်းတွေအတွက်တော့ S Pen stylus, NFC connectivity (optional), Active noise cancellation with dedicated mic, TV-out, MP4, MP3, FLAC player, Image/video editor, Document editor (Word, Excel, Power-Point, PDF), Google Search, Maps, Gmail, YouTube, Google Talk, Picasa integration, Adobe Flash 10.1 support, Barometer sensor အစရှိတဲ့စနစ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။ Music ပိုင်း Multimedia စနစ်ပိုင်းတွေအတွက် ကောင်းမွန်ပြည့်စုံတယ်လို့ဆိုနိုင်တဲ့အပြင် အွန်လိုင်းအသုံးပြုစနစ်တွေအတွက်လည်း အဆင်ပြေပါတယ်။ Browser စနစ်ပိုင်းတွေပြည့်စုံတဲ့အပြင် ဖုန်းရဲ့အသုံးပြုနိုင်မှုပုံစံကလည်း စိတ်ကျေနပ်စရာပါပဲ။ အင်တာနက်ချိတ်ဆက်ဖို့အတွက်တော့ EDGE, GPRS, WiFi စနစ်တွေပါဝင်ပြီး အခြားစနစ်တွေအနေနဲ့တော့ Bluetooth 3.0 စနစ်နဲ့ USB 2.0 စနစ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။ ကင်မရာအတွက်တော့ 8 Mega Pixel ရှိတဲ့ကင်မရာပါဝင်ပြီး ကင်မရာစနစ်ပိုင်းတွေမှာလည်း ပြည့်စုံကောင်းမွန်တာကိုတွေ့ရပါတယ်။ အရွယ်အစားကောင်းမွန်ပြီး အသုံးပြုနိုင်ခြင်းတွေစုံလင်တဲ့ ဒီဖုန်းကို ၀ယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ My Mobile ဖုန်းဆိုင် ဖုန်း ၀၉၅၁၂၉၂-၂၉ မှာ ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။ Specification Network - GSM 3G Size - 146.9 x 83 x 9.7 mm Weight - 178 g LCE Size - 5.3 inch Connection - EDGE, GPRS, WiFi OS - Android OS, v2.3 (Gingerbread) Camera - 8 Mega Pixel ရေးသားသူ - ကိုသက်
Ref;Internet Journal

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်