အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ် အောင်ဆန်းစုကြည်
လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်
ရည်ရွယ်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သူ
ဦးဥာဏ်ဝင်းက Eleven Media Group သို့ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် မည်သည့်မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်
ဆိုသည်မှာမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်
ရွေးကောက်ပွဲအတွက် ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်များကို မကြေညာသေး၍
မသိရသေးကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေနှင့်အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲများတွင်
ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက
ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့သည်။
ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့မှုနှင့်အတူ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်သည်
လာမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကျင်းပမည့် လစ်လပ်မဲ ဆန္ဒနယ်အားလုံးတွင်
ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိကြောင်း သိရသည်။
လစ်လပ်မဲဆန္ဒနယ် ၄၈ ခု အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန်
ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က
တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာလ ဒုတိယပတ်က
အကြောင်းကြားထားပြီး၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်လိုက်သည့် လွှတ်တော်
ကိုယ်စားလှယ်များအနက် ပြည်သူ့ လွှတ်တော်တွင် နေရာ ၄၀၊ အမျိုး
သားလွှတ်တော်တွင် ခြောက် နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် နှစ်နေရာ
စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လစ်လပ်လျက်ရှိသည်။
Saturday, November 26, 2011
ဒေါ်အောင်ဆန်းစုကြည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရ
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment