Subscribe:
ယနေ့ 24.2.2012 မှစပြီး ဒီBlogsသည် National League for Democracy(NLD) ကိုယ်စားပြု Blogsအဖြစ်ပြောင်းလိုက်ပါပြီခင်ဗျာ။(ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံ ပြန်စိုက်မယ်)

Saturday, November 19, 2011

အိမ်ဖြူတော်သို့ ဖိတ်ကြားခံရသည့် မြန်မာ စီးပွားရေးပညာရှင် အမေရိကားရောက် မြန်မာလူငယ်များကို ဟောပြောအားပေး


နိုဝင်ဘာလ (၁၀) ရက်နေ့က အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ပါဒူး တက္ကသိုလ်တွင် မြန်မာ စီးပွားရေးပညာရှင် ဦးဖိလစ်မောင်က  အမေရိကားရောက် မြန်မာ ကျောင်းသားများကို မိမိတို့၏ နိုင်ငံသား အခွင့်အရေးအပေါ် အခြေခံသည့် တိုးတက် အောင်မြင်မှုများကို ဖော်ဆောင်နိုင်ရန်
ဟောပြောခဲ့ကြောင်း သိရသည်။  ဟောပြောပွဲတွင် ဦးဖိလစ်မောင်က သူ၏ ဘဝ အတွေ့အကြုံများကို ရှင်းလင်းပြောပြပြီး တိုးတက်မှုများ ရရှိရန် မည်သို့ ကြိုးစားခဲ့ရသည်ကို ပြောပြခဲ့ရာ ဟောပြောပွဲသို့ ဖို့ဝိန်းမြို့ရောက် မြန်မာနိုင်ငံသား(၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဟောပြောပွဲ ကျင်းပရခြင်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ရရှိထားသည့် နိုင်ငံသား အခွင့်အရေးနှင့် ပညာရေး အခွင့်အလမ်းများအပေါ် အားကျ အတုယူစေရန် ရည်ရွယ်၍ ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။ ဦးဖိလစ်မောင်သည် အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွင် ရှိသည့် Hissho Sushi ကုမ္ပဏီပိုင်ရှင် ဖြစ်သည်၊ အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း (၂၈) ပြည်နယ်တွင် ဆူရှီဆိုင်ပေါင်း (၄၀၀)ကျော် ဖွင့်လှစ်ပြီး အောင်မြင်နေသည့် လုပ်ငန်းရှင် ဖြစ်သည်။ အမေရိကန် သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စုတွင် အောင်မြင်နေသည့် အသေးစား ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံသား ဦးဖိလစ်မောင်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။

Ref;YTP

No comments:

Post a Comment

Email မှ ဆက်သွယ်ရန်