Wednesday, November 16, 2011
မော်တော်ယာဉ် ဈေးကောင်း ရနေသော်လည်း ဂျစ်ကားနှင့် ကားအဟောင်းများ ဝယ်ယူသူ နည်းပါး
မော်တော်ယာဉ် ဈေးနှုန်းများ ကောင်းမွန်နေသော်လည်း ဂျစ်ကားနှင့် မော်တော်ကား အဟောင်းများ ဝယ်ယူသူ နည်းပါးလျက် ရှိကြောင်း မော်တော်ယာဉ် ဝယ်ရောင်း လုပ်ကိုင်သူ ကိုထွန်းမင်းက ပြောသည်။ အဆိုပါ ယာဉ်များအား လဲလှယ်ခွင့် ပါမစ်များ ခွင့်ပြုပြီးနောက် အရောင်းအဝယ် ကောင်းမွန်ခဲ့သော်လည်း ယခုလအတွင်း ပြန်လည် ငြိမ်သက်သွားကြောင်း စုံစမ်း သိရှိရသည်။“လူတွေက စတင်တဲ့ အရာတစ်ခုကို အတင်း လိုက်လုပ်ကြတယ်၊ ရေရှည်သွားမယ့် ပုံစံမျိုး မဟုတ်တော့ ဝယ်ရောင်းတွေက ဈေးကွက်ကို ခန့်မှန်းလို့ မရ ဖြစ်နေတယ်၊ လက်ရှိ အခြေအနေအရ အရောင်းအဝယ် ခေတ်စားနေတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိ ဈေးကွက်အတွင်းသို့ ဝယ်ရောင်း လုပ်ကိုင်သူများ နယ်ဆင်း ဝယ်နေကြသော်လည်း ရန်ကုန် ဈေးကွက်တွင် အနည်းငယ် အေးနေကြောင်း အချို့ကားများမှာ အသွင်ပြောင်းထား၍ ရှာဖွေ ဝယ်ယူနေရကြောင်း စုံစမ်း သိရှိရသည်။ မော်တော်ကား ဈေးကွက်အတွင်း ဂျစ်ကားများသည် စ၊ ဆ၊ ဇ နံပါတ်များပါ ဈေးနှုန်း ကျပ်သိန်း(၅ဝ) ရှိရာမှ ကျပ်သိန်း (၈ဝ) အထိ ရှိပြီး ယာဉ်အဟောင်းဈေး ပြန်လည် ကျဆင်းဖွယ် မရှိသေးကြောင်း စုံစမ်း သိရှိရသည်။
မိုးတိမ် (ရွှေမှော်ဝန်း)
Ref:YTP
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment